
ယူကရိန်းအရေး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုသုံးပြီး ပယ်ချ၊ တရုတ်နဲ့အိန္ဒိယ ကြားနေ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
ယူကရိန်းပိုင်နက်နယ်မြေကို ကျူးကျော်သိမ်းပိုက်တာကို ရှုတ်ချတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံး ဖြတ်ချက်မူကြမ်းတစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကိုရှုတ်ချတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို မဲပေးရာမှာ ရုရှားနိုင်ငံရဲ့ မိတ်ဆွေရင်းချာနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယက ကြားနေမဲပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ သိမ်းပိုက်ခံပိုင်နယ်နယ်မြေတွေကို အသိအမှတ်မပြုဖို့နဲ့ ရုရှားတပ်ဖွဲ့တွေရုတ်သိမ်းဖို့ အ ဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင် ဒါသောမတ်ဂရင်းဖီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ပိုင်နက်နယ်မြေရဲ့ ၁၅ ရာခိုင်နှုန်းရှိတဲ့ သိမ်းပိုက်ခံနယ်မြေလေးခုကို ရုရှားနိုင်ငံထဲ ပေါင်း စည်းကြောင်း သမ္မတ ဗလာဒီမာပူတင်က အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ အယ်လ်ဘေးနီးယားတို့ ပူးတွဲတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းက ယူကရိန်းနိုင်ငံထဲမှ ရုရှားသိမ်းပိုက်ခံ နယ်မြေတွေမှာပြုလုပ်တဲ့ တရားမဝင် လူထုဆန္ဒခံယူပွဲတွေကို အသိအမှတ်မပြုဖို့နဲ့ ယူကရိန်းနိုင် ငံရဲ့ ပိုင်နက်နယ်မြေ အပြောင်းအလဲတွေကို အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှ တပ်ဖွဲ့တွေ ချက်ချင်း ဆုတ်ခွာဖို့နဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ကျူးကျော်စစ် ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်မူကြမ်းက ရုရှားနိုင်ငံကို တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ဆယ်နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခဲ့ပြီး တရုတ်၊ ဂါဘွန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံက ကြားနေမဲပေးခဲ့ပါတယ်။
“ဘယ်နိုင်ငံကမှ ရုရှားကို ထောက်ခံမဲပေးခဲ့ပါဘူး။ ကြားနေမဲပေးတာ ရုရှားနိုင်ငံကို ကာကွယ်ပေးတာ မ ဟုတ်ပါဘူး” လို့ အစည်းအဝေးအပြီးမှာ သံအမတ်ကြီး သောမတ်ဂရင်းဖီးက သတင်းထောက်တွေကို ပြောပါတယ်။
ကိုးကား – Aljazeera
Ref; Russia vetoes UN resolution on Ukraine annexation, China abstains