ရေစကြိုမြို့နယ်မှာ သွားရောက်ကူညီပြီး တိုက်ပွဲဝင်ပြန်လာတဲ့ စစ်ကိုင်းက တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတပ်ဖွဲ့ကို ဒေသခံပြည်သူတွေ အောင်သပြေနဲ့ကြိုဆိုနေသည့် (ရုပ်/သံ)

ဧရာဝတီတ်ိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပျူစောထီးရွာဖြစ်သည့် မင်းရွာမှာတပ်ဆွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တွေ့ရာသင်္ချ်ိုင်း ဓားမဆိုင်းတပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ပြီးအပြန်မှာ ဒေသခံ ပြည်သူများ အောင်သပြေနဲ့ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို Local အဖွဲ့များမှ အကူအညီတောင်းခံမှုကြောင့် စက်တင်ဘာလ ၂၆ နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ကျွန်တော်တို့ကို လက်နက်ကြီးအကူအညီတောင်းလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ လမ်းခရီးက လှေ သုံးဆင့်စီးရတယ်။ကား နှစ်ဆင့်စီးပီးသွားခဲ့ရတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပါတယ်။ ကျွန်တော်တ်ို့အပြန်မှာတော့ ဒေသခံပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြတယ်” လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတပ်ဖွဲ့မှ

ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုတိုက်ပွဲကို တွေ့ရာသချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ အပါအဝင် BEDငညို ၊SBDF၊EAGLE၊ တောသားကြီး မြွေဆိုး၊ ရေစကြို ငဘ ကြိုးကြာအဖွဲ့၊ ဖီးနစ်အဖွဲ့၊ မြင်းခြံပျောက်ကြားတပ်ဖွဲ့ ၊ M.Y People Defence Forceအဖွဲ့၊ Super Fighter PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်် လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များကပြောသည်။

#Ayeyarwaddy_Times