ပုသိမ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ကိုကျော်ဇင်လတ်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၄ နှစ်ချမှတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဈ နိုင်ငံရေးအကျဥ်းသားများအနက် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်​တယ်လို့အကျဥ်းဥိီးစီးဌာနနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

၎င်းမှာ ကျောင်းကုန်းမြို့က ကိုကျော်ဇင်လတ်ဆိုသူဖြစ်ပြီး စက်တင်ဘာလ၂၈ ရက်နေ့က ပုသိမ်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၁၂၂ ၊ ၁၂၄နဲ့၊ ပုဒ်မ ၁၉(စ) စတာတွေနဲ့ စုစုပေါင်း ထောင်ဒဏ်၂၄နှစ် ချမှတ်လိုက်တာလို့ သိရပါတယ်။

“ကျောင်းကုန်းမြို့မှာဖြစ်တဲ့ ဗုံးပေါက်မှုတွေနဲ့ပတ်သတ်ပြီး ပုဒ်မ ၁၂၂ ၊ ၁၂၄နဲ့ ကထောင်ဒဏ်အနှစ် ၂၀ ရယ်၁၉(စ) နဲ့ က (၄)နှစ် စုစုပေါင်း (၂၄)နှစ် ချလိုက်တာ”လို့ အကျဥ်းဥိီးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုကျော်ဇင်လတ်ဟာ ၂၀၂၁ခုနှစ်သြဂုတ်လမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဖောက်ခွဲမှုတွေမှာ ပါ၀င်တယ်ဆိုပြီး မတရား စွပ်စွဲဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၅၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။

#ပုသိမ်အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #ထောင်ဒဏ် #ချမှတ်

#Ayeyarwaddy_Times