ယူကရိန်းသို့ ဒေါ်လာ ၁၂ ဘီလီယံကျော် ထောက်ပံ့ပေးမယ့် ဥပဒေကြမ်း ကန်အထက်လွှတ်တော် အတည်ပြု

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံအတွက် ငွေကြေးပံ့ပိုးမှုပြုလုပ်မယ်လို့ အမေရိကန်အစိုးရက ကတိပြုပြီး ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ ထောက်ပံ့မယ့် ကာလတိုရန်ပုံငွေဥပဒေကြမ်းတစ်ခုကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မနေ့က အထက်လွှတ်တော်မှာ ထောက်ခံမဲ ၇၂ မဲ၊ ကန့်ကွက်မဲ ၂၅ မဲနဲ့ အတည်ပြုလိုက်တဲ့ အဲဒီဥပဒေ ကြမ်းကို သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်မထိုးမီ အောက်လွှတ်တော်က အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

အဆိုပါဉပဒေအရ ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပ ကားကို မြှင့်တင်ပေးနိုင်မယ့် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ လွှဲပြောင်းပေးဖို့လည်း ပါဝင်ပါတယ်။

ယူကရိန်းသို့ လုံခြုံရေးအကူအညီ ဒေါ်လာ ၄၀ ဘီလီယံ ပံ့ပိုးကူညီဖို့ မေလအတွင်း ကွန်ဂရက်က အတည်ပြုခဲ့သလို ရုရှားကျူးကျော်မှုကို တုံ့ပြန်နိုင်ဖို့ ဒီနှစ်အစောပိုင်းမှာ ယူကရိန်းသို့ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံတန် ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ လူသားချင်းစာနမှု၊ စစ်ရေးအကူအညီများမှတစ်ဆင့် ယူကရိန်းနိုင်ငံသို့ ငွေကြေးပံ့ ပိုးမှုတွေ ပြုလုပ်နေပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံက စစ်လက်နက်တွေ ထောက်ပံ့ပေးထားတဲ့ ယူ ကရိန်းတပ်ဖွဲ့တွေက အရှေ့ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်မှုတွေ ပြုလုပ်ပြီး ပိုင်နက်နယ်မြေများစွာကို ရုရှားတပ်ဖွဲ့ တွေထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခံ ယူကရိန်းနိုင်ငံထဲမှ နယ်မြေအချို့မှာ လူထုဆန္ဒခံယူပွဲတွေကို ရှုတ်ချလိုက်ပြီး ရုရှားနိုင်ငံပိုင်နက်ထဲ ပေါင်းစည်းမယ့်အစီအစဉ်ကို ကုလသမဂ္ဂ ပဋိဉာဉ်ချိုးဖောက်မှုတစ်ခုအဖြစ် ပယ်ချခဲ့ပါတယ်။

ကိုးကား – Aljazeera

Ref; US Senate approves $12bn for Ukraine in government funding bill