စက်တင်ဘာလ ၃၀ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– မတူပီမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး မြို့အဝင်၊ အထွက်အားလုံးပိတ်ထားသဖြင့် မြို့ခံများ အခက်အခဲဖြစ်
– လွိုင်ကော်လေဆိပ်မှာ စစ်ကောင်စီရဲ့MNA လေကြောင်းလိုင်းက ခရီးသည်တင်လေယာဥ်ပစ်ခတ်ခံရပြီး အမျိုး သား ၁ ဦးဒဏ်ရာရ
– ဗိုလ်ချုပ်ဟောင်း အုန်းသွင် အသတ်ခံရပြီးနောက် ရန်ကုန်မြို့နယ်တချို့က စစ်မှုထမ်းဟောင်း အရာရှိကြီးမိသားစုတချို့ နေပြည်တော်သို့ ရွှေ့ပြောင်း
– ပြည်တွင်းဘဏ်အကောင့်များမှ နေ့စဥ်ငွေထုတ်ယူခွင့် ကန့်သတ်ထားသည့်အပြင် ATMစက်များပိတ်ထားခြင်းကြောင့် ငွေထုတ်လိုသူများ အခက်တွေ့နေ
– မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်လာစေဖို့အတွက် Gray Hack Cat ဟက်ကာအဖွဲ့က ဝက်ဘ်ဆိုက်များမှတဆင့် သတင်းစကားများဖြန့်ဝေနေ
– စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၂၆ ယောက်ရှိလာ
– နမ့်ခမ်းမြို့ စစ်တပ် အရာရှိ ၄ ဦးပါလာတဲ့ကား ဗုံးပေါက်ကွဲကာ ၃ ဦး သေဆုံး
– ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာ၌ ဒေသခံ၂၀၀ ခန့် ပိတ်မိနေ၊ သပိတ်တောင်ရွာသား ၆ ဦးကို စစ်တပ်က ဖမ်းဆီး