စစ်တပ်က မီးရှို့ဖျက်ဆီးသွားသည့် သရက်ကန်ရဲစခန်းမြေကို မြေညှိခြင်းများပြုလုပ်ပြီး ရဲအသုံးအဆောင်ပစ္စည်းများကို မြိုင်ပကဖ သိမ်းဆည်း

ကိုကိုလေး/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်သားများက စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဝင်ရောက်မီးရှိူ့ဖျက် ဆီးခဲ့သည့် သရက်ကန်ကျေးရွာက ရဲစခန်းကို မြိုင် ပကဖ တပ်ဖွဲ့မှ မြေညှိခြင်းများနဲ့ ရဲအသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်းသိရသည်။

အဆိုပါ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် သားများ စကားများရန်ဖြစ်ရာကနေ သရက်ကန်ကျေးရွာ ရဲစခန်းကို စစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

“ဒီစစ်ကောင်စီတပ်သားတွေ ပြန်မလာနိုင်အောင် ကျွန်တော်တို့လုပ်ထားလိုက်တဲ့သဘောပါပဲ။ သူတို့အသုံးအဆောင်ပစ္စည်းတွေလဲ ကျွန်တော်တို့ပြန်လည်အသုံးပြုဖို့အတွက် ပစ္စည်းတွေအားလုံးကို သိမ်းဆည်းလိုက်ပါတယ်။ လက်ရှိမှာ ဒီကောင်တွေ စခန်းအနားကိုပြန်မကပ်ရဲတော့ဘူး” လို့ မြိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယာက

ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ဒါပြင် အဆိုပါ ရဲစခန်းကိုမီးရှို့ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျောက်ခွက်ကျေးရွာမှအပြန် မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားများဘက်မှ ထိခိုက်မှုများရရှိသွားတယ် လို့ မြိုင် ပကဖ တပ်ဖွဲ့ဝင်များထံက သိရသည်။

မကွေးတိုင်းတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသပြည်သူ့ကာကွယ်းရေးတပ်ဖွဲ့တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

#Ayeyarwaddy_Times