
”ဘယ်သူပုန်မှမကြောက်လို့ ခေါဇာပြောင်းလာတာ” ဆိုတဲ့ ခေါဇာစခန်းမှူးနဲ့အဖွဲ့ကို လစာထုတ်လာတုန်း ရေးဘီလူးကပစ်သတ်ပြီး သေနတ် ၃ လက်ရရှိ
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၃၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာတွင် စက် တင်ဘာလ ၃၀ ရက် ယနေ့ မနက် ၁၀ နာရီဝန်းကျင်က ခေါဇာရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးအား YEဘီလူး အဖွဲ့မှ ပိတ်ဆို့ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ရေးမြို့သို့လစာထုတ်ရန်လာသည့် ခေါဇာရဲစခန်းမှူးနှင့်တပ်သား ၂ ဦးစီးနင်းလာသောကားအား လမ်းကြောင်းပိတ်၍ ပစ်ခတ်ရှင်းလင်းခဲ့သဖြင့် ၃ ဦးလုံး နေရာတွင်ပင်သေဆုံးသွားကြောင်း YEဘီလူး အဖွဲ့ထံမှသိရသည်။
“သူတို့က ကားနဲ့ရေးဘက်အလာ လမ်းကြောင်း ပိတ်ပြီးပစ်တာ၊ ကားတစ်စီးလုံးကိုအသေပိတ်ပစ်လိုက်တယ်။ အကုန်သေသွားတယ်၊ ပါသမျှလက်နက်တွေလဲသိမ်း ဆည်းရလိုက်တယ်၊ ကျွန်တော်တို့ပစ်ပြီး တော်တော် ကြာတဲ့အထိသူတို့ အလောင်းလာမသယ်ရဲဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ပြီးနောက် ရဲများကိုင်ဆောင်သည့် BA 63 ၂ လက် ၊ ၆ လုံးပြူး ၁ လက်အပါအဝင် ရဲအသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါခေါဇာရဲစခန်းမှူးသည် အသစ်ပြောင်းရွှေ့ လာသည့်စခန်းမှူးဖြစ်ပြီး ၄င်းရောက်ရှိလာပြီးနောက် “ဘယ်သူ ပုန်ကိုမှ မကြောက်လို့ ခေါဇာပြောင်းလာတာ” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
YEဘီလူး အဖွဲ့သည် ရေးမြို့နယ်တွင်း စစ်ကောင်စီလက် အောက်ခံ အစိုးရရုံများ၊ သတင်းပေးဒလန်များကိုရှင်း လင်းလေ့ရှိပြီး စက်တင်ဘာလ ၂၁ ရက်တွင်လည်း လမိုင်းမြို့ နယ်ထိန်းရဲအောင်ကျော်မင်းအား ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်းသိရသည်။
#AyeyarwaddyTimes