လက်ယက်ကုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်မှုအပေါ် ရှုံ့ချကြောင်း မဲဆောက်ရောက်မြန်မာများ ဆန္ဒဖော်ထုတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာမှစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြမ်းဖက်ပစ်ခတ်မှုအပေါ် ကမ္ဘာက ထိထိရောက်ရောက်အရေးယူပေးရန် ဆန္ဒဖော်ထုတ်မှုကို ယနေ့ စက်တင်ဘာလ ၃၀ ရက်မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြတာကတော့ ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုပ်သမားတွေပဲ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့မတရားမှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ပညာသင်ကြားနေကြတဲ့ ကျောင်းသားကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကို စစ်ကောင်စီကိုရှုံ့ချပြီး နိုင်ငံတကာ ခုံရုံးပို့ပြီး တရားဥပဒေနဲ့အညီဆောင်ရွက်ပေးပိုတောင်းဆိုတာဖြစ်ပါတယ်” ဟု

ဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆန္ဒဖော်ထုတ်မှုအား နံနက်၁၀ နာရီ ၃၀ မိနစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ထိုင်းအာဏာပိုင်များဘက်မှ လာရောက်တားဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#AyeyarwaddyTimes