
ပါမောက္ခ ရှောင်တာနယ်လ်ကို ချက်ချင်း လွှတ်ပေးဖို့ သြစတေးလျ တောင်းဆို
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
သြစတေးလျပါမောက္ခ ရှောင်တာနယ်လ်အပေါ် မြန်မာစစ်ကောင်စီ တရားရုံးရဲ့စီရင်ချက်ကို သြစတေးလျ နိုင်ငံက ပယ်ချလိုက်ပြီး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ယနေ့ ပြော ကြားလိုက်ပါတယ်။
စစ်တပ်ကအုပ်ချုပ်တဲ့ မြန်မာနိုင်ငံက တရားရုံးက နိုင်ငံတော်လျို့ဝှက်ချက်အက်ဉပဒေ ချိုးဖောက်မှုစွဲချက် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
လုံခြုံရေးအရ ထိရှလွယ်တာကြောင့် အဲဒီသတင်းရင်းမြစ်က မည်သူမည်ဝါဆိုတာ ထုတ်ဖော်ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
“အာဏာသိမ်း မြန်မာစစ်ကောင်စီက မတရား ထိန်းသိမ်းထားတဲ့ ၁၉ လကျော်ကာလအတွင်း ပါမောက္ခ ရှောင်တာနယ်လ်အပေါ် စွဲချက်တင်ထားတာတွေကို သြစတေးလျအစိုးရက စဉ်ဆက်မပြတ် ပယ်ချခဲ့တယ်လို့ ပန်နီဝေါင်က ပြောပါတယ်။
ပါမောက္ခ ရှောင်တာနယ်လ်ကို လွှတ်ပေးဖို့ သြစတေးလျနိုင်ငံသို့ ပြန်လည်စေလွှတ်ရေး သြစတေးလျအ စိုးရက ဆက်လက်တောင်းဆိုမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Australia calls for immediate release of economist jailed by Myanmar