ဧရာဝတီတိုင်းမှာ လူနာသစ် ၃၀ ဦးတွေ့ပြီး ၁ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၉ ရက်

ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့ ၁ ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၃၀ ဦးတွေ့ရှိပြီး အဲ့အထဲက ၁ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ ပုသိမ်မြို့မှာ ၈ ဦး၊ မြောင်းမြမြို့မှာ ၄ ဦးနဲ့ ကျောင်းကုန်၊ အိမ်မဲ၊ မြန်အောင်၊ ကြံခင်းစတဲ့ မြို့နယ်တွေမှာ ၃ ဦးစီနဲ့ ဓနုဖြူမြို့နယ်မှာ ၂ ဦး၊ မော်ကျွန်း၊ ပန်းတနော်နဲ့ ငပုတောမြို့နယ်တွေမှာ ၁ ဦးစီတွေ့ရှိခဲ့တာပါ။

ကိုဗစ်ရောဂါတွေ့ရှိပြီး သေဆုံးခဲ့သူကတော့ ငပုတောမြို့နယ်က ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလည်း ရောဂါကူးစက်နိုင်တာကြောင့် ပြည်သူတွေကို သတိထားသွားလာဖို့အတွက် တိုက်တွန်းထားပါတယ်။

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ မြို့နယ်အလိုက်မှာ ပျော်ပွဲရွှင်တွေကို လစဥ်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ဧရာဝတီ #ကိုဗစ် #သေဆုံး

#Ayeyarwaddy_Times