
ဒီးမော့ဆိုတွင် စစ်ကောင်စီဘက်မှပစ်သောလက်နက်ကြီး နှစ်ခြင်းဘုရားကျောင်းသို့ ကျရောက်ပေါက်ကွဲ၍ ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ နှစ်ခြင်းဘုရားကျောင်းပေါ်သို့ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပစ်လိုက်သော လက်နက်ကြီးကျရောက်ခဲ့သဖြင့် ပျက်စီးမှုများရှိခဲ့ပြီး ဘုရားကျောင်းတွင်း စာကျက်နေသောကလေးငယ်တဦး အူထွက်ကျထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
#Ayeyarwaddy_Times