ကန်ပက်လက်မြို့နယ်က စစ်ကောင်စီ ယန္တရားထောက်တိုင်များ နှုတ်မထွက်ပါက ရှင်းလင်းသွားမည်ဟု CDF-Kanpetlet မှသတိပေးထုတ်ပြန်

ဧရာဝတီတိုင်းမ်

(ကန်ပလက်) စက်တင်ဘာလ ၂၉ ရက်

ချင်းပြည်နယ်၊ကန်ပလက်အတွင်း စစ်ကောင်စီယန္တရားလည်ပတ်ရေးအတွက် တာဝန်ထမ်းဆောင်သူများအ​နေဖြင့် အောက်တိုဘာလ ၁၅ရက် နောက်ဆုံံးထားပြီးနှုတ်ထွက်ကြရန်နှင့် နှုတ်မထွက်ဘဲဆက်လက်လုပ်ဆောင်ပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး တွေ့ရာရှင်းလင်းအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၂၉ ရက်စွဲဖြင့်

သတိပေးထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီမှအာဏာသိမ်းပြီးချိန်မှ ကန်ပလက်မြို့နယ်အတွင်းရှိ ပြည်သူများသည် အမျိုးမျိုးဆန္ဒပြခဲ့ကြပြီး နောက်ဆုံးတ္ငင် စစ်ကောင်စီမှလက်နက်ကိုင်လှုပ်ရှားလာသည့်အတွက် ကန်ပလက်ပြည်သူလူထုအနေဖြင့်လည်း မလွဲမရှောင်သာလက်နက်ကိုင် CDF-Kanpetlet တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်ကို

လက်နက်ကိုင်တော်လှန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကန်ပလက်မြို့နယ်အတွင်း အုပ်ချူပ်ရေးယန္ဒရားလည်ပတ်ရေးနှင့် အာဏာတည်တန့်ရေးအတွက် လုပ်ငန်းအမျိုးမျိုးဆောင်ရွက်စေရန် တာဝန်ခံ (၅၃)ဦးကို ဆောင်ရွက်စေပြီး လိုအပ်လျှင် လက်နက်တပ်ဆင်နိုင်ရန်အထိ ညွှန်ကြားထားခဲ့ပြီဖြစ်သည်ဟု အတိအကျသိထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်ပါ၍ CDF-Kanpetletအနေဖြင့် မတရားဖမ်းဆီးခံခြင်း၊ သတ်ဖြတ်ခံ၊ အပြစ်မဲ့ပြည်သူများနှင့် တာဝန်ထမ်းဆောင်ရင်း ကျဆုံးရဲဘော်များအတွက် ခွင့်လွတ်ခြင်းမရှိဘဲ လိုလျှင်လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

#ကန်ပက်လက် #CDFKanpetlet #စစ်ကောင်စီ #ယန္တရား #နှုတ်ထွက် #ရှင်းလင်း

#Ayeyarwaddy_Times