
အမုန်းစကားတွေနဲ့ပတ်သက်လို့ Facebook က ရိုဟင်ဂျာတွေကို လျော်ကြေးပေးရမယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
အွန်လိုင်းမှတစ်ဆင့် အမုန်းတရားစကားတွေ လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို Facebook က လျော်ကြေး ပေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (AI) က ယနေ့ အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အများအပြားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။
Facebook ရဲ့ လိုက်နာရမယ့်စည်းကမ်းတွေကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပြီး မြန်မာစစ်တပ် က အန္တရာယ်ရှိသော ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားစကားတွေကို အားပေးတဲ့ အစွန်းရောက် အကြောင်းအရာ တွေ လုပ်ဆောင်ခဲ့တယ်လို့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအကြံပေးတွေက ပြောပါတယ်။
“ရိုဟင်ဂျာအများအပြားက Facebook ရဲ့ ‘report function’ မှတစ်ဆင့် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက် ဆံတဲ့ အကြောင်းအရာတွေ တင်ပြဖို့ ကြိုးပမ်းခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့ပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာအတွင်း ပြောပါတယ်။
ရိုဟင်ဂျာကိုယ်စားလှယ်တွေက အမေရိကန်၊ ဗြိတိန်နဲ့ OECD ဖွံ့ဖြိုးပြီးနိုင်ငံများအဖွဲ့မှာ Facebook ကို တရားစွဲဆိုမှုသုံးခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Facebook နဲ့ မိခင်ကုမ္ပဏီ Meta ရုံးစိုက်ရာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း အမှုဖွင့်ခဲ့တဲ့ တိုင်ချက်အရ ရိုဟင်ဂျာတွေက ထိခိုက်နစ်နာကြေး ဒေါ်လာ ၁၅၀ ဘီလီယံ တောင်းခံထားပါတယ်။
ကိုးကား – AFP
Ref; Amnesty: Facebook must compensate Rohingyas over hate speech