
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ် မြေခံရဲတွေ စကားများရန်ဖြစ်ရာကနေ စစ်တပ်က သရက်ကန်ရဲစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရွာ ရဲစခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှိူ့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ စကားများရန်ဖြစ်ရာကနေ သရက်ကန်ကျေးရွာ ရဲစခန်းကို စစ်တပ်က
မီးရှို့ဖျက်ဆီးခဲ့တာ လို့ ဒေသခံများကပြောသည်။
“စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက သရက်ကန်ရဲစခန်းမှာ နေမလို့ပြောတာကို ရဲတွေက လက်မခံဘူး။ အမှန်က စစ်သားတွေ ရဲစခန်းမှာ တပ်လာစွဲရင် PDF တွေ လာပစ်မှာဆိုးလို့
ရဲတွေကလက်မခံတာ။ ဒါကို သူတို့အချင်းချင်း စကားတွေများရန်ဖြစ်ပီး စစ်သားတွေက အဆောက်ဦးတွေပါ ဖြိုဖျက်ပီး မီးရှို့ကြတာ အဓိကတော့ ရဲတွေအနိုင်ကျင့်ခံကြရတာပေါ့ ” လို့ ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ထို့အပြင် သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းကိုမီးရှို့ခဲ့ပြီးနောက် စခန်းရှိ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာပဲ စခန်းကို စွန့်ခွာသွားကြတယ် လို့ ဒေသခံများကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ပြီခဲ့သည့် လပိုင်းတွေကလည်း ရဲကင်းစခန်းအချို့မှ စစ်ကောင်စီတပ်သားများသည် စခန်းကစွန့်ခွာထွက်ပြေးနေကြပြီး ယခုလို နယ်မြေရဲစခန်းကို မီးရှို့တာကတော့ ပထမဆုံးအကြိမ် ဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်များကပြောသည်။
#Ayeyarwaddy_Times