
မြန်မာစစ်တပ်ကို ဘာ့ကြောင့် ရေရှည်မှာ ရှင်သန်ခွင့် မပြုသင့်သလဲ(ဘာသာပြန်ဆောင်းပါး)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီးနောက် အာဏာထိန်းချုပ်ကြောင်း ကြေညာခဲ့ပါတယ်။
နေပြည်တော်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ရန်ကုန်မြို့တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ထောင် ပေါင်းများစွာသော ပြည်သူတွေဟာ သီတင်းပတ်ပေါင်းများစွာ လမ်းမများပေါ်ထွက်ပြီး အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ ကြပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အရပ်သားအစိုးရနဲ့ စစ်တပ်ကြား သဘောထားကွဲလွဲမှုတွေကြောင့် မြန်မာ နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီးနောက် ဒေါ်အောင်ဆန်းစု ကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုတဲ့ လူထုသပိတ် တွေ
သီတင်းပတ်ပေါင်းများစွာကြာအောင် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဟာ အဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆန့်ကျင်မှု ကြောင့် စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာမှာ မြန်မာစစ်တပ်ရဲ့လက် ထဲမှာ တိုင်းပြည်ကို ထိန်းချုပ်နိုင်တဲ့အာဏာ မရှိတော့ဘဲ ကချင်၊ ကယား၊ ကရင်၊ ရခိုင်ပြည်နယ်တွေနဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ
ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို နှိပ်ကွက်ဖို့ အင်အားသုံးဖြိုခွင်းပြီး တိုင်းရင်းသားနယ်မြေတွေမှာ တပ်ဖွဲ့အမျိုးမျိုးသုံးပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေရပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး အကြမ်းဖက်မှုတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ ရောက် ရှိလာခဲ့ပါတယ်။
မြန်မာစစ်တပ်က အတိုက်အခံ နိုင်ငံရေးပါတီတွေကို နှိပ်ကွပ်ယုံသာမက လူထုအပေါ် တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့သလို တက်ကြွလှုပ်ရှားသူတွေ၊ ခေါင်းဆောင်တွေ ပျောက်ကွယ်လာတာတွေလည်း ရှိ လာပါတယ်။ မြန်မာစစ်တပ်က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ ဖိအား ပေးကာ အဂတိလိုက်စားမှု၊
မဲလိမ်လည်မှုစွဲချက်တွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ထို့အပြင် မြန်မာစစ်တပ် က ဇူလိုင်လအတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှုတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ NLD နဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို စစ်တပ်က နှိပ်ကွက် ကာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထောင်ချီနဲ့ပြည်သူတွေ သေဆုံးခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ ရက် စက်ကြမ်းကြုတ်မှုကြောင့်
လူဉီးရေအများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေကပင် အခုအခါမှာ လက်နက်စွဲကိုင် လာရပါပြီ။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစု ပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အ စိုးရ (NUG) ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ လှုံ့ဆော်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ အာ ဆီယံနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေက NUG ကိုယ်စားလှယ်တွေနဲ့ ပေါ်ပေါ်ထင်ထင် တွေ့ဆုံခဲ့ပါတယ်။
NUG ပေါ်ပေါက်လာမှုနဲ့အတူ မြန်မာလူငယ်အများအပြားဟာ လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ဝင်ရောက်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေထဲဝင်တဲ့ မြန်မာလူငယ်အများစုဟာ ဒီမိုက ရေစီလှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့နှိပ်စက်ခံရတဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ
လက်နက်ကိုင်အဖွဲ့သစ် ၁၀၀ ခန့် ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်အာဏာရှင်တော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လို့ အ မည်ပေးထားပါတယ်။ မြန်မာစစ်သားဟောင်းတွေက သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနဲ့ ရွာတွေကိုမီးရှို့မှုအကြောင်း ဝန် ခံပြောကြားပြီး PDF တွေက နိုင်ငံတစ်ဝှမ်းမှာ စစ်တပ်ကို ခုခံတော်လှန်နေပါတယ်။ အဆင့်အသီးသီးမှာ အာဏာ သိမ်းမှုဆန့်ကျင်ရေး
လှုပ်ရှားမှုတွေကြောင့် မြန်မာစစ်တပ်ဟာ ပြည်တွင်းနိုင်ငံရေးမှာ အကြီးအကျယ် ဖိအားရှိနေ ပါတယ်။
မြန်မာ့စီးပွားရေးကို ချွတ်ခြုံကျစေတဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်တပ်ရင်ဆိုင်နေ ရတဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေက ပိုဆိုးလာပါတယ်။ ဖိအားပေါင်းစုံကြောင့် မြန်မာစစ်တပ် အခက်အခဲတွေ ရင် ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကို မကြားရပါဘူး။ အဓိကအကြောင်းရင်းတစ်ခုကတော့ အာဏာသိမ်းစစ်တပ် က မီဒီယာတွေကို
နှိပ်ကွက်ထားတာကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေးသတင်းတွေ ပြင်ပကမ္ဘာကို မရောက်ရှိပါဘူး။
တရုတ်အပါအဝင် တိုင်းပြည်အချို့နဲ့ ကုန်သွယ်ရေးဆက်ဆံမှုကြောင့်သာ အာဏာသိမ်းစ်ကောင်စီက အခုချိန် ထိ ရှင်သန်နိုင်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လက်နက်စက်ရုံတွေ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကို လျစ်လျူရှုနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထဝီ နိုင်ငံရေး ရပ်တည်ချက်နဲ့
ပြည်ပရင်းနှီးမြှုပ်နှံမှုရဲ့ အရေးပါမှုအပေါ် မှီခိုခဲ့ပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ မြန်မာစစ်ကောင်စီဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကို ဥပေက္ခာပြု နိုင်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်ကောင်စီရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ် ကို အနောက်နိုင်ငံတွေက ဖိအားပေးနေတာကြောင့်ဖြစ်ပါတယ်။ ယူကရိန်းနဲ့ စစ်ဖြစ်နေတာကြောင့် ရုရှားနိုင်ငံ လည်း ဒုက္ခရောက်နေပါတယ်။
အခြားတစ်ဖက်မှာ တရုတ်နိုင်ငံကလည်း ထိုင်ဝမ်အရေးကြောင့် လုံးခြားလည်နေပါတယ်။ တရုတ်နိုင်ငံက လည်း အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ရုရှားနဲ့တရုတ်က ကာကွယ်ပေးမယ်လို့ ထင်မြင်နေရင်တော့ မြန်မာစစ်ကောင်စီအတွက် အလွန်အမင်း ရူးမိုက်မှုသာဖြစ်ပါလိမ့်မယ်။ တရုတ်နဲ့ရုရှားဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့
တာဝန်ခံမှုကို ဂရုစိုက်တဲ့နိုင်ငံတွေမဟုတ်ပါဘူး။ နှစ်နိုင်ငံစလုံးက ပြည်တွင်းထက် ပြည်ပရဲ့ဖိအားပေးမှုဒဏ်ကို သေချာပေါက် ခံနေရပါတယ်။
အာဏာသိမ်းမြန်မာစစ်ကောင်စီကလည်း ဘက်ပေါင်းစုံမှာ ဖိအားပေးခံနေရပြီး အခုဆိုရင် စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ သိပ်ပြီး အခက်အခဲမရှိတော့ပါဘူး။ မြန်မာစစ်တပ်ဟာ မြေပြင်မှာ ရှုံးနိမ့်နေသလို အကြမ်းဖက်မှုတွေ ပိုပျံ့နှံ့လာပြီး အသက်ဆုံးရှုံးမှုတွေ၊ လက်နက်အသုံးပြုမှုတွေ မြင့်တက်လာပါတယ်။ မြန်မာ့ပဋိပက္ခဟာ အချိန် ကာလကြာမြင့်စွာ ဖြစ်နိုင်တယ်ဆိုတဲ့
ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အခုအခါ မြန်မာ့ပိုင်နက်နယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တော့ ပြီး NUG က ပိုင်နက်နယ်မြေ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။ ဒေ သတွင်းငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေအားလုံးရဲ့လုံခြုံရေးဟာ ခြိမ်းခြောက် ခံနေရပါတယ်။ အကျပ်အတည်းက
ဆက်ဖြစ်နေမယ်ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ဒေသတွင်းနိုင်ငံတွေက ဒေသတွင်းတည်ငြိမ်မှုရှိစေဖို့ သေချာပေါက် အရေးယူမှုတွေ ပြုလုပ်မှာဖြစ်ပြီး ဒီအချက်က မြန်မာစစ်တပ်ကို သတိ ပေးမှုဖြစ်ပါလိမ့်မယ်။
Eurasia Review ဝဘ်ဆိုဒ်တွင် စက်တင်ဘာလ ၂၈ ရက်က ဖော်ပြထားသည့် ဆောင်းပါးရှင် Sufian Siddique ရဲ့ Why Myanmar military won’t be allowed to survive in the long run ကို ဘာသာပြန်ဆိုထားပါသည်။