ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ယူကရိန်းနိုင်ငံဟာ ကာကွယ်ရေးစွမ်းပကား တိုးမြှင့်ဖို့ ပြင်သစ်နိုင်ငံမှ ဂျက်တိုက်လေယာဉ် အစင်း ၁၀၀ ဝယ်ယူမယ့် သမိုင်းဝင် သဘောတူညီချက်ကို သမ္မတ ဇီလန်စကီးက ပါရီမြို့တော်မှာ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဇီလန်စကီးဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်နဲ့ တွေ့ဆုံကာ ရာဖေးလ် ဂျက်တိုက်လေ ယာဉ် အစင်း ၁၀၀ ဝယ်ယူဖို့ အတည်ပြုချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဟာ ယူကရိန်းကို ဂျက်တိုက်လေယာဉ်ဟောင်းတွေ ထောက်ပံ့ခဲ့ပေမယ့် ယခုရောင်း ချမယ့် ရာဖေးလ်ဂျက်တိုက်လေယာဉ်တွေဟာ နောက်ဆုံးမျိုးဆက်မော်ဒယ်တွေလို့ သိရပါတယ်။

သဘောတူညီချက်ထဲမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်နဲ့ ကြားဖြတ်ဒရုန်းတွေ ရောင်းချ ဖို့လည်း ပါဝင်ပါတယ်။

ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူရာမှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေကို သုံးစွဲနိုင်တယ် လို့ ယူကရိန်းက ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂကလည်း အဆိုပါအစီအစဉ်ကို သဘောတူပါတယ်။

“ကျွန်တော်တို့ သဘောတူညီချက်တွေကို ပြင်ဆင်ခဲ့ပြီး ဒီကနေ့ လက်မှတ်ထိုးခဲ့ပါတယ်။ သဘော တူညီချက်တွေဟာ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ အရေးကြီးပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။

“နီးကပ်သောဆက်ဆံရေး ထူထောင်ဖို့နဲ့ ယူကရိန်းကို ထောက်ပံ့မယ့် စစ်လက်နက်လုပ်ငန်းတွေ ပေါင်းစည်းရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ခေတ်မီရေးကို ကျွန်တော်တို့ အလေးပေးဆောင်ရွက်နေပါတယ်” လို့ မေခရွန်က ပြောပါတယ်။

ရုရှားနိုင်ငံက စစ်အင်အား တိုးချဲ့နေတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက သတိပေးပါတယ်။ ရု ရှားနိုင်ငံဟာ ဒီနှစ်အကုန်မှာ ဗုံးအလုံး ၁၂၀၀၀၀ အထိ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှား စစ်ထောက် လှမ်းရေးဌာန ဒုတိယအကြီးအကဲ Vadym Skibitskyi က ပြောပါတယ်။

ကီလိုမီတာ ၂၀၀ အထိ ရောက်ရှိနိုင်သော တာဝေးဒုံးကျည်တွေလည်း ထုတ်လုပ်မယ့် အစီအစဉ် ထဲမှာပါတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; Ukraine to buy up to 100 fighter jets from France