ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
အစိုးရရဲ့ ရေဘေးထိန်းချုပ်ရေးစီမံကိန်းတွေမှာ အဂတိလိုက်စားမှု အရှုပ်တော်ပုံ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံမှာ ပြည်သူတွေ အမျက်ထွက်နေကြပြီး ဝန်ကြီးနှစ်ဉီး ရာထူးမှနှုတ်ထွက်ခဲ့ပါ တယ်။
လူထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့က မနီလာမြို့တော်မှာ ဆန္ဒပြခဲ့ကြပြီး အ စိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ တောင်းဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ အမှုဆောင်ဝန်ကြီး လူးကပ်ဘာဆမင်နဲ့ ဘတ်ဂျက် ဝန်ကြီး အာမန်ဒါပန်ဂန်ဒဂန်တို့ရဲ့ နှုတ်ထွက်စာတွေကို လက်ခံခဲ့ပါတယ်။
အဆိုပါဝန်ကြီးတွေဉီးဆောင်တဲ့ ဝန်ကြီးဌာနတွေဟာ ရေဘေးထိန်းချုပ်ရေးတွေမှာ လုပ်ထုံးလုပ် နည်းမမှန်တာတွေနဲ့ ပတ်သက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးနှစ်ဉီးလုံး ရာထူးမှနှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း၊ အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာပါဝင်တဲ့ အခြား တာဝန်ရှိသူတွေကို ရာထူးမှနှုတ်ထွက်ရေး စဉ်းစားကြဖို့ သမ္မတရုံး လက်ထောက်ဝန်ကြီး ကလဲ ယားကက်စထရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စီမံကိန်းတွေကို မှန်ကန်စွာ လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိ ဖိလစ်ပိုင်အစိုးရက စုံစမ်းစစ်ဆေးနေပြီး အစိုး ရအရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ ပုဂ္ဂလိက ကန်ထရိုက်တာတွေ ငွေကြေးအရှုပ်တော်ပုံမှာ ပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်း စီမံကိန်းတွေမှာ အဂတိလိုက်စားမှုတွေကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုမှာ ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ခန့်မှန်းထားပါတယ်။
ကိုးကား – NHK
Ref; Two Philippine ministers resign over flood control scandal