ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၇၀၀ နီးပါးတန်ကြေးရှိ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် တစ်ခု ရောင်းချမယ်လို့ အမေရိကန်နိုင်ငံက အတည်ပြုလိုက်ပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံကသာ အဆိုပါဒုံးခွင်းစနစ် ပိုင်ဆိုင်ထား ပြီး ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ စစ်လက်နက်ရောင်းချမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်က အမေရိ ကန်ထုတ် ဒုံးခွင်းစနစ် ၃ ခု ရရှိမှာဖြစ်ပါတယ်။
NASAMS တာလတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို RTX ကုမ္ပဏီက ထုတ်လုပ်ပြီး ထိုင်ဝမ် အတွက် လက်နက်သစ် ဖြစ်လာမယ်လို့ သိရပါတယ်။
NASAMS ဒုံးခွင်းစနစ် ဝယ်ယူဖို့ RTX ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့ပြီး ၂၀၃၁ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းရကြောင်း ပင်တဂွန်က ပြောပါတယ်။
ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ ဂျက်တိုက်လေယာဉ်နဲ့ အခြား လေယာဉ်အစိတ်အပိုင်း တွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက နိုဝင်ဘာလ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်နဲ့ဂျပန်ကြား သံတမန်ဆက်ဆံရေး ဆိုးရွားလာစဉ် ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချဖို့ သတင်းထွက်လာတာပါ။
“အကြောင်းအရာတွေကို ဖြေရှင်းရာမှာ အင်အားသုံးဖို့ တွေးခေါ်တာကို တရုတ်နိုင်ငံက စွန့်လွှတ် သင့်ပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက ပြောပါတယ်။
တရုတ်ရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ထိုင်ဝမ်စစ်တပ်ဟာ လက်နက်ဝယ်ယူမှု အရှိန်မြှင့်နေပြီး ရေကြောင်း ထောက်ပံ့ရေးလမ်းတွေကို ကာကွယ်ဖို့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေပါ တယ်။
ကိုးကား – Reuters
Ref; US confirms sale of $911m air defence missile system to Taiwan