ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်တို့တွေ့ဆုံရာ အိမ်ဖြူတော်အစည်းအဝေးတွင် ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုတက်ရောက်ခဲ့ကြောင်း Reuters သတင်းဌာနတွင်ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ ယမန့်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်မှ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟာမက် ဘင် ဆယ်လ်မန်တို့အတွက် ဧည့်ခံကျင်းပသည့် ညစာစားပွဲသို့ခရစ္စတီယာနို ရိုနယ်ဒိုနှင့် ဇနီးလောင်း ဂျော်ဂျီရာပါဝင်တက်ရောက်ခဲ့သည်။

 

၂၀၁၈ ခုနှစ်တွင် အမေရိကန်အခြေစိုက် သတင်းသမား ဂျာမာလ် ခါရှိုဂီ အသတ်ခံရမှုနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကျဆင်းနေသည့် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား၏ ပုံရိပ်ကောင်းမွန်ရန် ကြိုးပမ်းနေပြီး ဝါရှင်တန်နှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းနေချိန်တွင် ကန်သမ္မတဒေါ်နယ်ထရန့်က ဧည့်ခံကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ခရစ္စတီယာနို ရိုနယ်ဒိုသည် ကလပ်နှင့် နိုင်ငံအတွက် ဂိုးပေါင်း ၉၅၀ ကျော် သွင်းယူထားပြီး လက်ရှိ ဆော်ဒီပရို လိဂ်မှ အယ်လ်-နက်ဆာ (Al-Nassr) အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်းသိရသည်။

 

ထို့ပြင်အယ်လ်-နက်ဆာ (Al-Nassr) အသင်း၏ ပိုင်ဆိုင်မှုအများစုကို ဆော်ဒီဘုရင့်နိုင်ငံ၏ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (Public Investment Fund) က ပိုင်ဆိုင်ထားကြောင်းဖော်ပြထားသည်။

 

အဆိုပါအိမ်ဖြူတော်ညစာစားပွဲတွင် အမေရိကန်သမ္မတထရန့်နှင့်ခွာပြဲနေသူ Elon Mark ပါဝင်တက်ရောက်ပြီးApple CEO တင်မ်ကွတ်၊ FIFA ဥက္ကဌ အင်ဖန်တီတို့လည်း ပါဝင် တက်ရောက်ကြောင်းသိရသည်။

ကိုးကား – Reuters
ဓာတ်ပုံ – X လူမှုကွန်ရက်