ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

 

စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲအတွက် တက္ကသိုလ်ကျောင်းသားကို သက်ဆိုင်ရာ မဲဆန္ဒနယ်တွင်ကြိုတင်မဲပေးရန် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော်မရှင်က အဓမ္မဖိအားပေးခိုင်းစေပြီး မဲပေးပြီးမှကျောင်းဝင်ခွင့်ပြုမည်ကြောင်း သိရသည်။

 

ကြိုတင်ဆန္ဒမဲပေးပြီး‌သော တက္ကသိုလ်ကျောင်းသားကိုသာ ကျောင်းဝင်ခွင့်ပြုမည်ဟု စစ်ကော်မရှင်လက်အောက်ခံ သက်ဆို င်ရာ ဝန်ကြီးဌာနများအောက်ရှိ တက္ကသိုလ်အသီးသီးက ထုတ်ဖော်ပြောကြားကြောင်း တက္ကသိုလ် ကျောင်းသားများထံမှ သိရသည်။

” အခုနှစ် တက္ကသိုလ်တက်မဲ့ ကလေးတွေကို ကြိုတင်မဲပေးလာရမယ်လို့ ခိုင်းစေသံတွေကြားနေရတယ်။ ကြိုတင်မဲ မပေးဘဲလာရင် ကျောင်းဝင်ခွင့်မပေးဘူးဆိုပြီး သတင်းကြားနေရတယ်” ဟု တက္ကသိုလ် ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

တက္ကသိုလ်ကျောင်းသားများအနေဖြင့် မဲစာရင်းပါရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းဝင်ခွင့်အထောက် အထားပြပြီး ကြိုတင်မဲပေးရမည် ဖြစ်ကြောင်း စစ်အုပ်စု၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

“ကျောင်းတက်မဲ့သူတွေကို ကြိုတင်မဲပေးခိုင်းနေတယ်။ မဲပေးတဲ့ရက်က ( ကျောင်းဖွင့်ချိန်) ဖြစ်နေတော့၊ မဲပေးရတာက ကိုယ့်ဇာတိမှာပဲ ပေးရမှာဆိုတော့ ကျောင်းမဖွင့်ခင် ကိုယ့်ဇာတိမှာပဲ မဲပေးခိုင်းတယ်။ မှတ်ပုံတင်နဲ့ ကြိုတင်မဲပေးခိုင်းတယ်။ ရန်ကုန်မှာရှိနေတဲ့သူဆိုတော့ မဲမပေးခိုင်းပါဘူး ” ဟု first voter တက္ကသိုလ်ကျောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်အုပ်စုက ၎င်းတို့၏ အတုအယောက်ရွေးကောက်ပွဲအတွက် မဲပေးခွင့် မဆုံးရှုံးရန်ဟုဆိုကာ မဲဆန္ဒနယ် ပြင်ပရောက်ရှိ တက္ကသိုလ်ကျောင်းသားများကို အဓမ္မဖိအားပေး၍ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဟု ညွှန်ကြားထားကြောင်း ရွေးကောက်ပွဲအဖွဲ့ခွဲထံမှ သိရသည်။

 

လက်ရှိတွင် မြိတ်၊ ဘုတ်ပြင်း၊ တနင်္သာရီ တပ်ကုန်း ဟိုပင် အလုံ၊ မောက်မယ်၊ ပင်းတယ၊ ကွန်ဟိန်းမြို့ တို့တွင် တက္က သိုလ်တက်ရောက်မည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲ ပေးနေကြောင်း စစ်အုပ်စုအာဘော်သတင်းစာတွင်ဖော်ပြထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်