ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

အမေရိကန်နိုင်ငံဟာ မြန်မာပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိတော့ဘူးလို့ လွှတ်တော်အ မတ်တွေက သတိပေးခဲ့ပြီး အာဏာမြဲရေး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကော်မရှင်ကို ပြင်း ပြင်းထန်ထန် အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီနဲ့ အရှေ့အာရှ၊ ပစိဖိတ်၊ တောင်နှင့် ဗဟိုအာ ရှဆိုင်ရာ ဆပ်ကော်မတီတို့ဟာ “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” အမည်နဲ့ ပူးတွဲ ကြားနာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိနေတယ်လို့ ကော်မတီဥက္ကဌ ယောင်ကင်က ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ကြီးထွားလာပြီး စစ်တပ်ဟာ တိုင်းပြည်ရဲ့ပိုင် နက် ၂၀ ရာခိုင်နှုန်းခန့်သာ ထိန်းချုပ်နိုင်တော့ပြီး စစ်ကော်မရှင်ဟာ တရုတ်၊ ရုရှားအကူအညီနဲ့ တရားဝင်မှု ရဖို့ ကြိုးပမ်းနေတယ်လို့ ၎င်းက ဆိုပါတယ်။

မြေရှားသတ္တုဟာ မြန်မာကို တရုတ်လိုမျိုး အမေရိကန်ရဲ့ ရန်သူတွေနဲ့ နီးကပ်သွားစေတဲ့ အချက် တစ်ချက်ဖြစ်တယ်လို့ Atlantic Council မှ အကြီးတန်းသုတေသီ ကယ်လီကာရီက ပြောပါတယ်။ “မြန်မာ နိုင်ငံ အင်အားချိနဲ့ပြီး အကွဲကွဲအပြားပြားဖြစ်ကာ သူ့ကို မှီခိုနေရဖို့ တရုတ်က လိုလားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဒေသတွင်း မိတ်ဖက်နိုင်ငံတွေ တိုးမြှင့်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြိုခွင်းဖို့နဲ့ မြန်မာအ ကျပ်အတည်း ဖြေရှင်းနိုင်ရေး Burma Genocide Accountability and Protection Act ကို အတည်ပြုဖို့ လွှတ်တော်အမတ်တွေ၊ တာဝန်ရှိသူတွေက ကြားနာပွဲအတွင်း အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှု ရှိလာမှာမဟုတ် ဖူး။ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုသလို ဆယ်စုနှစ်ချီ မြန်မာပဋိပက္ခအတွက်လည်း တာရှည်ခံတဲ့ အဖြေမဟုတ်ဖူး” လို့ Stimson Center မှ အကြီးတန်းသုတေ သီ စတိဗ်ရော့စ်က ပြောပါတယ်။

အမေရိကန်နိုင်ငံက အရေးမယူလျင် မြန်မာဟာ ကျရှုံးနိုင်ငံတစ်ခုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ လွှတ်တော်အမတ်တွေက ကြားနာပွဲမှာ သတိပေးခဲ့ပါ တယ်။

ကိုးကား – UPI
Ref; Amid ‘endless’ Burma crisis, Congress urges stronger U.S. action