
ထိုင်ဝမ်နဲ့ဆက်ဆံရေး တိုးမြှင့်မယ်လို့ ကန်ဒုတိယသမ္မတ ကာမဲလာဟားရစ် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
အမေရိကန်အစိုးရက ထိုင်ဝမ်နဲ့ အလွတ်သဘောဆက်ဆံရေး တိုးမြှင့်မယ်လို့ ဒုတိယသမ္မတ ကာမဲလာ ဟားရစ်က ဂျပန်နိုင်ငံရှိ အမေရိကန်စစ်သင်္ဘောတစ်စင်းပေါ်မှာ ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း ပြောကြား လိုက်ပြီး တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။
“ထိုင်ဝမ်ဟာ နည်းပညာမှသည် ကျန်းမာရေးအထိ ကမ္ဘာကြီးကို အထောက်အကူပြုနေတဲ့ ဒီမိုကရေစီနိုင် ငံတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံက ထိုင်ဝမ်နဲ့ အလွတ်သဘောဆက်ဆံရေး တိုးမြှင့်မယ်” လို့ ကာမဲလာဟားရစ်က ပြောပါတယ်။
တရုတ်နိုင်ငံက လွတ်လပ်သော ရေကြောင်းသွားလာခွင့်ကို ခြိမ်းခြောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ စစ်ရေးနဲ့ စီးပွားရေးအင်အားကို အသုံးချခဲ့တယ်လို့ ဟားရစ်က တရုတ်နိုင်ငံက ရှုတ်ချလိုက်ပါ တယ်။
အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်အပြင် ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်နိုင်ငံ ရဲ့ ရန်လိုမှုတွေကို တွေ့ကြုံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားကြီးထွားလာမှုအပြင် ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ ရည်ရွယ် ချက်တွေကို အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်တပ်ဖွဲ့တွေက ကာကွယ်ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။
“ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုက လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ ဖြစ် ပေါ်လာရေးအတွက် မရှိမဖြစ် အရေးပါတယ်လို့ အမေရိကန်နိုင်ငံက ယုံကြည်ပါတယ်” လို့ USS Howard ဖျက် သင်္ဘောပေါ်မှ ကာမဲလာဟားရစ်က ပြောပါတယ်။
ဒေသတွင်း မဟာမိတ်နိုင်ငံတွေကို အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်တွေ ထုတ်ဖော်ပြသဖို့ရည်ရွယ်ကာ ကာမဲလာဟားရစ်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားသို့ လေးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။
ကိုးကား – Bloomberg
Ref; Harris Says US Intends to Deepen Taiwan Ties, Defying China