
အလုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲလို့ လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စက်တင် ဘာလ ၂၈ ရက် ယနေ့ နေ့လည် ၁ နာရီဝန်းကျင် အချိန်က ဗုံးဖောက် ခွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးရုံးအဆောက်အအုံ ဝင်/ထွက်ပေါက်အနီး၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“ပေါက်ကွဲမှုဖြစ်တာဟုတ်ပါတယ်။ ထိခိုက်မှုတွေရှိ တယ် ။ လူ ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်၊ အရပ်သားတွေလို့လည်းပြောကြတယ် “ဟု ရပ်ကွက် တွင်းနေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များမှ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်းတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါ။
#အလုံ #ရပ်ကွက်ရုံး #ဗုံးခွဲခံရ #လူ ၅ ဦး #ထိခိုက် #AyeyarwaddyTimes