လွိုင်ကော်၊ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်၍ ဒေသခံ အမျိုးသမီး ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးဒဏ်ရာပြင်းထန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၈ ရက်

ယမန်နေ့ညနေ(စက်တင်ဘာလ ၂၇ရက်) ၃နာရီခွဲအချိန်က ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၅၀တပ်နဲ့ ၄၂၂ တပ်တို့မှ ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဥ်အတွင်း အသက်(၅၅)နှစ်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြ်င်းထန်ကြောင်း သိရသည်။

ယမန်နေ့ မနက် ၁၀ နာရီခွဲမှစတင်၍ မွန်းလွဲ ၁နာရီအထိ ကယန်းသာယာလမ်းခွဲက စစ်ကောင်စီတပ်စခန်းကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က စနိုက်ပါ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဖက် ၆ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ​ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#လွိုင်ကော် #ကုန်းသာရွာ #စစ်ကောင်စီ #လက်နက်ကြီး #ပွဲချင်းပြီးသေဆုံး

#Ayeyarwaddy_Times