ပုလဲအခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ကျားသစ်နက်တပ်မတော် အမည် အဖြစ် ပြောင်းလဲဖွဲ့စည်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ကျားသစ်နက်တပ်မတော် Black Leopard Army (B.L.P.A) အမည် အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
ကျားသစ်နက်ေပြာက်ကျားတပ်ဖွဲ့ကို ၂၃.၁၀.၂၀၂၁ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တိုက်ပွဲပေါင်း ၄၅ ပွဲခန့် ဖော်ဆောင်ထားကာ ၁ နှစ်ကျော်ကာလအတွင်း အကြိမ်ရေ ၅ ကြိမ်အထိ အခြေခံစစ်သင်တန်းများခေါ်ယူပြီး တပ်သားသစ်များစုဆောင်းနိုင်ခဲ့သလို အထူးကွန်မန်ဒိုအဖြစ် အင်အား ၁၀၀ ခန့်အားရွေးချယ် သင်တန်းပို့ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ
သိရသည်။
ပြန့်ကျဲလျက်ရှိသည့် ဒေသခံအင်အားစုအချို့မှလည်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့်ပူးပေါင်းလာကြပြီး အဆိုပါအင်အားများနှင့်တပ်ဖွဲ့၏လက်အောက်တွင် တပ်ရင်း ၃ ရင်းစုဖွဲ့ထားကာ MOD လက်အောက် ယင်းမာပင်ခရိုင်တပ်ရင်း-၁၁အဖြစ် တပ်ရင်း ၁ ရင်းစာ အတည်ပြုရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်အားစုဆောင်းမှုပေါ်မူတည်၍ နောက်ထပ်တပ်ရင်းများလည်း ဆက်လက်ဖွဲ့စည်းရန် ဆုံးဖြတ်ထားသောကြောင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ အနေဖြင့်ပြောက်ကျားတပ်ဖွဲ့အဖြစ် မရပ်တည်တော့ဘဲ ကျားသစ်နက်တပ်မတော် (B.L.P.A) အဖြစ်ပြောင်းလဲဖွဲ့စည်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်း သည်အထိ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၏
လမ်းညွှန်ချက်နှင့်အညီ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာပြီး အနာဂါတ်တော်လှန်ရေးတွက် ဆက်လက်ပါဝင်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#Ayeyarwaddy_Times