အောင်လံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့နောက်လိုက်တပည့် ၁ ဦး ပစ်သတ်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ တလပါးကျေးရွာ က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရဲ့ နောက် လိုက်တပည့် ၁ ဦး စက်တင်ဘာလ ၂၅ ရက် ညပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့သူဟာ အုပ်ချုပ်ရေးမှူးနောက်လိုက်ဖြစ်သူ ဝင်းထွေးဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာဘဲ အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
” သတင်းပေးလုပ်လို့လား ဘာလားတော့သေချာမသိဘူး၊ သူကအဲ့ဒီရွာ အုပ်ကြီးရဲ့နောက်လိုက်တပည့်အရင်း။ ညဘက်ကြီးလာပြီး ပစ်သတ်သွားတာ၊ ပွဲ ချင်းပြီးသေတယ် ။ အဲ့ဒီရွာတွေက အောင်လံမြို့နယ်ထဲဆိုပေမယ့် ပဲခူးရိုးနားရောက်နေပြီ။ ပစ်ပြီးရွာထဲကပြန်ထွက်တဲ့အချိန် အရေးတော်ပုံအောင်ရမယ် လို့အော်သွားတယ်” လို့ ဒေသ ခံအမျိုးသားတဦးက
ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်ခံခဲ့ရသူဟာ ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာ သီးခြားအတည်မပြုနိုင်သလို ဒီပစ်ခတ်မှုကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
#အောင်လံ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ျနောက်လိုက်
#Ayeyarwaddy_Times