မတူပီမြို့၊ CDF-Matupiအတွက် ရန်ပုံငွေရှာဖွေရေးကံစမ်းမဲအစီအစဉ်တွင် ပြည်တွင်း၊ပြည်ပမှအလှူရှင်များ ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာလ ၂၈ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ CDF-Matupiရဲဘော်များအတွက် ခေတ်မီလက်နက်များဝယ်ယူပြီး စစ်အာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရန်အတွက် ပထမဆုံးအကြိမ် ရန်ပုံငွေရှာဖွေရေးကံစမ်းမဲအစီအစဉ်ကို CDF-Matupi Fundraising Committeeဦးဆောင်မှုဖြင့် ကံစမ်းမဲအစီအစဉ် ပြုလုပ်သွားမည်ဟု CDF-Matupi Fundraising Committeeထံမှ သိရသည်။
အဆိုပါရန်ပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များကို စက်တင်ဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အတွင်း လက်မှတ်အစောင်ရေစုစုပေါင်း ၁၀၀၀ ရောင်းချနိုင်ဖို့ လျာထားလျက်ရှိရာ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းခန့်သာ ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ မိဘပြည်သူများအနေဖြင့် ဝယ်ယူအားပေးကြရန် တိုက်တွန်းလိုကြောင်း ရန်ပုံငွေရှာဖွေရေးကံစမ်းမဲအစီအစဉ် ဦးဆောင်သူတာဝန်ခံတစ်ဦးက ပြောသည်။
“ချင်းပြည်နယ်၊ တောင်ပိုင်းဘက်မှာဆိုရင် CDF-Matupiဟာ စစ်ကောင်စီတွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မနည်းတော့ ဘူးပေါ့နော်။ တော်လှန်ရေးအမြန်ပြီးဆုံးဖို့ဆိုရင် CDF-Matupiရဲဘော်တွေအတွက် လက်နက်ကောင်းတွေနဲ့ အခြားလိုအပ်ချက်တွေကို ပြည်သူလူထုတွေဘက်က ထောက်ပံ့ပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ CDF-Matupi ရဲဘော်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်တပ်ဆင်ရေးတို့ အခြေခံအသုံးအဆောင်လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီကြားထဲကနေ တိုက်ပွဲအောင်မြင်မှုရအောင် စွမ်းစွမ်းတမံတိုက်ပွဲဝင်နေကြတာပါ။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီကံစမ်းမဲကို စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု CDF-Matupi Fundraising Committeeမှ ရန်ပုံငွေရှာဖွေရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။.
ကံစမ်းမဲလက်မှတ်၏ တန်ဖိုးကို နိုင်ငံအလိုက်ဈေးနှုန်းသတ်မှတ်ထားကာ ကံစမ်းမဲဖွင့်လှစ်ပွဲကို အောက်တိုဘာလ ၁၅ ရက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၅၀၀၀၊ ဒုတိယဆု ဒေါ်လာ ၃၀၀၀နှင့် တတိယဆု ဒေါ်လာ ၁၀၀၀အဖြစ်အသီးသီးသတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။
“အလုံးအရင်းနဲ့ လှူဒါန်းဖို့ အခက်အခဲရှိတဲ့ ပြည်သူတွေအတွက် လက်မှတ်တစ်စောင် ကံစမ်းဝယ်ယူလိုက်တာနဲ့ ထောက်ပံ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် မတူပီပြည်သူတွေပဲ အားပေးဝယ်ယူတာမဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ အားထုတ်နေကြတဲ့ ပြည်တွင်း/ပြည်ပက မိဘပြည်သူများလည်း အားလုံးပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု CDF-Matupi Fundraising Committeeမှ ရန်ပုံငွေရှာဖွေရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။.
CDF-Matupi Fundraising Committeeက ဦးဆောင်ပြုလုပ်သော ရန်ပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များကို ပြည်တွင်း/ပြည်ပ CDF-Matupi Fundraising Committeeကိုယ်စားလှယ်များထံ ဝယ်ယူအားပေးနိုင်သလို CDF-Matupi Fundraising Committee Page အွန်လိုင်းစာမျက်နှာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ကြောင်း သိရသည်။
#CDFMatupi #ရံပုံငွေရှာဖွေရေး #ပြည်တွင်း #ပြည်ပ #အလှူရှင်များ #ပူးပေါင်း #ဖိတ်ခေါ်
#Ayeyarwaddy_Times