တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးပစ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ WYအပါအဝင် မူးယစ်ဆေးအများအပြားကို တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတံတားစစ်ဆေးရေးဂိတ်မှဖြတ်ကျော်လာသောစက်လှေ‌ပေါ်ရှိ ဘိန်းစာမှုန့်အထုပ် ၂၀၀၀ ကျော်နှင့် လယ်သစ်မြစ်ဝတွင် ဖမ်းဆီးရမိသော WY မြင်းဆေးပြား ၆၀၀ ကျော်တို့အား တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့သည် လွန်ခဲ့သော မေလတွင်လည်း ဘိန်းအမှုန့်အထုပ် ၁၂၀၀၀ ကျော်အား သိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သတင်းထုတ်​ပြန်ချက်အရ သိရသည်။

#တနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့ #မူးယစ်ဆေးဝါး #ဖမ်းဆီးရမိ #ဖျက်ဆီး

#Ayeyarwaddy_Times