ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီး နေအိမ်၌ ရုတ်တရက် သေဆုံး

ဧရာဝတီတိုင်းမ်

(ဖလမ်း)၊ စက်တင်ဘာလ ၂၈ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီ Dr. Tluang Cung Thang သည် ယနေ့စက်တင်ဘာလ၂၈ ရက် မနက်ပိုင်းတွင် ၎င်းနေအိမ်၌ပင် ရုတ်တရက် သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီး Dr. Tluang Cung Thang မှာ ၎င်း၏ နေအိမ်၌ ကြိုဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ယနေ့တွင် ဟားခါးမြို့သို့သယ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

“ဆေးရုံအုပ်ကြီးက ကျန်မာရေးလည်းကောင်းပါတယ်။ ‌အရမ်းသဘောထားကောင်းတဲ့သူပါ။ သူကလူနာများကို ကြင်နာစွာဂရုစိုက်စောင့်ရှောက်တတ်တယ်။ သူ့မှာ ကလေး ၂ ယောက်ရှိပါတယ်။ မနေ့ကနေ့လည် ၃ နာရီမှာတောင် သူခွဲခန်းဝင်လိုက်သေးတယ်။ ဘာကြောင့် ဒီလိုမျိုးလုပ်တာလဲဆိုတာကို မသိဘူး”ဟု ဖလမ်းမြို့ပြည်သူ့ဆေးရုံတွင်

တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

အသက် ၄၁ နှစ်အရွယ် ဆေးရုံအုပ်ကြီးမှာ စိတ်သဘောထားကောင်းမွန်သူဖြစ်ပြီး မိမိတာဝန်ကိုကျေပွန်စွာထမ်းဆောင်တတ်သူဖြစ်ကာ လူချစ်လူခင်ပေါသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဆေးရုံအုပ်ကြီးသည် ၂၀၁၉ ခုနှစ်မှဖလမ်းမြို့ပြည်သူ့ဆေးရုံတ္ငင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်ကာလအတွင်း ဖလမ်းမြို့နယ်မှလူနာများကို စွမ်းစွမ်းတမံ ကုသပေးခဲ့မှုကြောင့်၂၀၂၀ခုနှစ်၏ ဖလမ်းမြို့စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ‌‌ဒေသထုတ် Chinland Herald သတင်းတွင် ဂုဏ်ပြုဖော်ပြခံခဲ့ရကြောင်း ဒေသခံမျာထံမှ သိရသည်။

ဓာတ်ပုံ – Chinland Herald၊ လူမှုကွန်ရက်

#ဖလမ်း #ပြည်သူ့ဆေးရုံအုပ်ကြီး #သေဆုံး

#Ayeyarwaddy_Times