ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး ချင်းပြည်နယ်မှာ စက်မှုဇုန်ထောင်မယ်လို့ စစ်ခေါင်းဆောင်ပြော၊ ဝန်ကြီး ချုပ်တွေ စီးပွားရေးလုပ်ကြဖို့ မှာကြားထားတယ်လို့ဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၈ ရက်

ချင်းပြည်နယ်မှာ ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ထောင်မယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေး(၈/၂၀၂၂)

မှာ အခုလိုပြောဆိုခဲ့တာပါ။

တိုင်းနဲ့ပြည်နယ်အားလုံးမှာ စက်မှုဇုန်တွေလုပ်ဖို့ညွှန်ကြားထားပြီး ချင်းပြည်နယ်ကအကြွေးကျန်နေတယ်လို့လည်းဆိုပါတယ်။

” ကျနော်တာဝန်ယူတဲ့အချိန်မှာ ပြည်နယ်၊တိုင်းအားလုးကိုစက်မှုဇုန်တွေအကုန်လုပ်ရမယ်လို့ပြောထားတာရှိပါတယ်။ အဲ့ထဲမှာအကြွေးကျန်တာချင်းပြည် နယ်တခုကျန်နေတယ်။ ချင်းပြည်နယ်မှာစက်မှုဇုန်မရှိဘူး၊စက်မှုရပ် ကွက်လည်းမရှိဘူး။ဒါကြောင့်ချင်းပြည်နယ်ကို ကျနော် ကော်ဖီရယ် ၊ ဝဥရယ်၊ နောက်တခါ နွားနောက်ရယ်၊ ဒီ ၃ ခုကိုအခြေခံပြီး

စက်မှုလုပ်ငန်းလုပ်ဖို့မှာခဲ့တာရှိတယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့လက်အောက်က တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေအားလုံး စီးပွားရေးလုပ်ကြဖို့မှာ ကြားထားတယ်လို့လည်း သူကပြောပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်မြို့နယ်အများအပြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနေ့စဥ်ဖြစ်ပွားနေလို့ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ်နေပြီး ဒေသခံအများအပြားနေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

ဒါ့အပြင် စစ်ကောင်စီဘက်လည်း မြို့နယ်အချို့ရဲ့ မြို့ပေါ်နေရာတွေလောက်ဘဲထိန်းချုပ်ထားနိုင်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေရာအများအပြားကိုစိုးမိုးထားတာဖြစ်ပြီး ချင်းပြည်နယ်ကိုပို့ဆောင်တဲ့ကုန်ပစ္စညတွေကို စစ်ကောင်စီဘက် စစ်ဆေးမှုတွေတင်းကြပ်ကန့်သတ်ထားလို့ လက်ရှိမှာ ချင်းပြည်နယ်အတွင်းကုန်စျေးနှုန်းတွေအဆမတန်ကြီးမြင့်နေတယ်လို့

ဒေသခံတွေဆီကသိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းတနှစ်ခွဲပြည့်​မြောက်တဲ့ကာလ စစ်ကောင်စီအစည်းအဝေးတခုမှာလည်း နောက် ၆ လအတွင်းစီးပွားရေးဖွံဖြိုးတိုးတက်လာမယ်လို့ သူ့ဘာသာတွက်ချက်သုံးသပ်ထားပါတယ်။

#AyeyarwaddyTimes