
ယူအေအီးနိုင်ငံက ပါလက်စတိုင်းနဲ့မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီထံ တင်ပြဖို့ မလေးရှားဝန်ကြီးချုပ် မျှော်လင့်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ယူအေအီးနိုင်ငံက ပါလက်စတိုင်းနဲ့ မြန်မာကဲ့သို့သော နိုင်ငံတကာအရေးတွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတစ်ခုအနေနဲ့ မီးမောင်းထိုးတင်ပြမယ်လို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကော့ဗ်က ပြောပါတယ်။
ယူအေအီးနိုင်ငံက ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ပါလက်စတိုင်းနဲ့မြန်မာ့အရေးတွေမှာ တက်ကြွသော အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နိုင်မယ်လို့ ဆာဘရီယာကော့ဗ်က ပြောပါတယ်။
“ယူအေအီးသမ္မတနဲ့ ကျွန်တော်တို့ ကုလသမဂ္ဂ မဖြေရှင်းနိုင်သေးတဲ့ မြန်မာနဲ့ပါလက်စတိုင်းအရေးတွေ ကို ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ပါလက်စတိုင်းနဲ့ မြန်မာ့အရေးတွေအပြင် ကုလသမဂ္ဂအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး၊ ဗီတိုအာဏာကိစ္စရပ် တွေနဲ့ တိုက်ကြီးတစ်တိုက်စီအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကိုယ်စားလှယ်တစ်နေရာရရှိဖို့ အဆိုပြု ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုမပြုလုပ်တာကို စိတ်ပျက်မိ ပြီး ပြဿနာကို အာဆီယံအဖွဲ့ထံ လွှဲချနေတယ်လို့ ဆာဘရီယာကော့ဗ်ဟာ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံမှာ ပြောကြားခဲ့ပါသေးတယ်။
ကိုးကား – Malay Mail
Ref; Malaysia hopes UAE will bring Palestine, Myanmar issues to UN Security Council, says PM