Sexy Model နန်းမွေစံကို စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၇ ရက်

Sexy Model နန်းမွေစံကို စစ်ကောင်စီက ဒီကနေ့ စက်တင် ဘာလ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ မြောက်ဥက္ကလာ စစ်ခုံရုံးက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ် ၆ နှစ်ချလိုက်တာလို့သိရပါတယ်။

စစ်ကောင်စီက Sexy Model နန်းမွေစံကို နိုင်ငံခြား အဖော်အချွတ် ဝက်ဆိုဒ်များသို့ Sexy ဓာတ်ပုံနဲ့ ဗီဒီယိုများ အခကြေးငွေယူပြီး ရောင်းစားတဲ့ မြန်မာအမျိုးသမီးများရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ဆိုပြီး စစ်ကောင်စီက သြဂုတ်အတွင်း ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ပုဒ်မ ၃၃ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

နန်းမွေစံနဲ့အတူ တစ်ရက်ထဲ ဖမ်းဆီးခံရတဲ့ သရုပ်ဆောင်မော်ဒယ် သဥ္ဇာဝင့်ကျော်ကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

#AyeyarwaddyTimes