
အာဏာသိမ်းစစ်ကောင်စီက NUG ကို ဘက်ပေါင်းစုံမှာ ရှုံးနိမ့်နေပြီလား(ဘာသာပြန်ဆောင်းပါး)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာရယူခဲ့တဲ့ မြန် မာစစ်ကောင်စီဟာ အကြီးအကျယ် ဒုက္ခရောက်နေပုံပေါ်ပါတယ်။
မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာ စီစဉ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ် ချခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ဟာ ၂၀၁၁ ခုနှစ်မှာ ဒေါ် အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် အကန့်အသတ်နဲ့ ဒီမို ကရေစီ
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ NLD က တိုင်းပြည်ကို ပူးတွဲအုပ်ချုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) မှာ မြန်မာစစ်တပ်ရဲ့ လူမဆန်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှု တွေကိုပင် ကာကွယ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာပြုလုပ်တဲ့ ရွေးကောက်ပွဲက မြန်မာစစ်တပ်နဲ့ NLD ကြား ဆက် ဆံရေးကို ပြောင်းလဲစေခဲ့ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းက ပြီးခဲ့တဲဆယ်နှစ် အောင်မြင်မှုတွေကို ဖျက် ဆီးပစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာမှာ ပြင်းထန်တဲ့ တော်လှန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်း အတာ မကြုံစဖူး CDM အကြမ်းမဖက်လှုပ်ရှားမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အ ဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ
(NUG) အမည်နဲ့ စင်ပြိုင်အစိုးရတစ်ရပ် ဖန်တီးနိုင်ခဲ့ပါတယ်။
ကနဉီးမှာ NUG ဟာ အသိအမှတ်ပြုမှုရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုအခါ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးနဲ့ အဖွဲ့အစည်းတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုကို ရရှိနေပါပြီ။ ဉရောပသမဂ္ဂ၊ အမေရိကန်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံရဲ့အနာဂတ်မှာ NUG ရဲ့ အခန်းကဏ္ဍကို အလေးထားလာကြပါပြီ။
NUG က အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ NLD ခေါင်းဆောင်ပိုင်းနဲ့ နောက်လိုက် တွေ အများစုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖွဲ့စည်းခဲ့ပါတယ်။ အခြားတစ်ဖက်မှာ မြန်မာနိုင် ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ သောင်းကျန်းမှုတွေကို ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့
ခုခံတော်လှန်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။
ထူးခြားတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က NUG ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာပါ။ တစ်ချိန်တည်းမှာဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖို့ ကိုယ်ပိုင်တပ် ဖွဲ့တွေ ရှိနေတာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ သံခင်းတမန်ခင်း အမြင်ရှုထောင့်အရ ကမ္ဘာ့စင်မြင့်မှာ ပိုပြီး အထီးကျန်ဆန်လာခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေးဆိုတဲ့ မျက်နှာစာသုံးခုမှာ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရခိုင့်တပ်တော် (AA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ အေအေက အစပိုင်းမှာ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်းသိမ်းခဲ့ပေမယ့် နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အုပ်ချုပ် ရေးအာဏာကို
တိုးချဲ့တည်ဆောက်လာတာကြောင့် စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာခဲ့ပါတယ်။
အေအေက စစ်ကောင်စီကို ပိုပြီး ရန်မူလာတာကြောင့် ဒီနှစ်လယ်ကစပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ်။ လက်ရှိမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ အရှက်တကွဲ ရှုံးနိမ့်နေပါတယ်။ အာ ဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ အခြေစိုက်စခန်းတွေ၊ တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးနေပြီး အေအေနဲ့တိုက်ပွဲတွေ မှာ အကျအဆုံး များနေပါတယ်။
အေအေက မြန်မာစစ်တပ်ရဲ့ စစ်ဘက်ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေးလမ်း ကြောင်းတေွကို ဖြတ်တောက်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးသမားတွေနဲ့ အရပ်သားတွေကို ပိုပြီး နှိပ်စက်ကလူပြုနေပြီး ရမ်း သမ်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေပါတယ်။ မြန်မာစစ်တပ်က အေအေကို အနိုင်ရရှိဖို့ အမြင့်ဆုံးအ ဆင့် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် မဟာဗျူဟာအရ ဆုံးရှုံးမှုတွေ များနေပါတယ်။ မြန်မာနိုင်ငံ ပိုင် နက်နယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကို
အာဏသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာရှိနေပြီး NUG က ပိုင်နက်နယ်မြေ ၂ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြေပြင်မှာ ရှုံးနိမ့်နေပြီး ရခိုင်ပြည်နယ်မှာ သူတို့ရဲ့အခြေအနေဟာ ခုခံနိုင် စွမ်းမရှိတော့ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေ အားကောင်းတဲ့နယ်မြေတွေမှာတောင် စစ်ကောင်စီရဲ့အခြေအနေ မကောင်းတော့တာ အားလုံး အသိပါ။ မြန်မာနိုင်ငံရဲ့ လူဉီးရေအများဆုံး ဗမာနဲ့ ဗုဒ္ဓဘာသာဝင်တွေကတောင် အာ ဏာသိမ်းစစ်ကောင်စီကို
မထောက်ခံကြပါဘူး။
ယခုအခါ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေက သူတို့ရဲ့အနာဂတ်၊ အာဏာနဲ့ တိုင်းပြည်တွင်း စစ်ရေးအရ ထိန်းချုပ်နိုင်မှုကို စဉ်းစားလာကြပါပြီ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ချခြင်းက ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဉပဒေကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ ယခုအခါ အကျိုး ဆက်တွေကို ရင်ဆိုင်နေရပါပြီ။
အာဏာသိမ်းစစ်ကောင်စီဟာ ရှုံးနိမ့်နေတာ သေချာပေါက်ဖြစ်ပေမယ့် ပကတိအရှိတရားကို လက်မခံပါ ဘူး။ မြန်မာဟာ ကျရှုံးတဲ့နိုင်ငံတစ်ခု (failed state) ဖြစ်နေတာကို အာဏာသိမ်းစစ်ကောင်စီက လက်သင့်မခံဘဲ အာဏာခိုင်မြဲဖို့နဲ့ ဒေသတွင်းမှာ မလုံမခြုံဖြစ်စေဖို့သာ ကြိုးစားနေပါတယ်။ ရိုဟင်ဂျာအရေးလိုမျိုး ဒေသတွင်းပြ ဿနာတွေကို မြန်မာစစ်တပ်က
ဖန်တီးခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမဆန်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူသန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အိမ်နီးချင်းတိုင်းပြည်တွေအပေါ် ဒုက္ခသည်တွေကြောင့် ဖိအားဖြစ်စေခဲ့ပါတယ်။ အာဏာ သိမ်းစစ်ကောင်စီဟာ လက်ရှိမှာ နယ်စပ်တွေကို ချိုးဖောက်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရန်စနေပါတယ်။ မြန်မာကလည်း အဖွဲ့ဝင်ဖြစ်တဲ့
အာဆီယံရဲ့စကားကိုတောင် အာဏာသိမ်းစစ်ကောင်စီက နားမထောင်ပါဘူး။
အာဆီယံအဖွဲ့ကလည်း အာဏာသိမ်းစ်ကောင်စီကို အရေးယူတာတွေရှိခဲ့ပြီး အစည်းအဝေးတွေ၊ ထိပ်သီး ဆွေးနွေးပွဲတွေတက်ရောက်ဖို့ မဖိတ်ကြားခဲ့ပါဘူး။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးခွင့်ပြုဖို့နဲ့ ဒီမိုကရေစီအစိုးရတစ် ရပ်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ရပ်ဖန်တီးဖို့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအား တိုး မြှင့်ပေးသင့်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံကာ အရပ်သားအစိုးရထံ အာဏာပြန်ပေးသင့်ပါတယ်။ အိန္ဒိယနဲ့ တရုတ်လိုမျိုး ဒေသတွင်း အင်အားကြီး နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီ တာဝန်ခံစေဖို့ ဖိအားပေးသင့်ပါတယ်။ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အနောက်နိုင်ငံတွေကလည်း
အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားပေးမှု တိုးမြှင့်သင့်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်ထုတ် The Straits Times သတင်းစာတွင် ဖော်ပြထားသော ဒါကာတက္ကသိုလ် နိုင်ငံတ ကာဆက်ဆံရေးဌာနမှ ပါမောက္ခတစ်ဉီးဖြစ်သူ Delwar Hossain ရေးသားသော Is the military junta losing its ground in Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။