
စက်တင်ဘာလ ၂၇ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– မတူပီမြို့နယ်တွင် CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများပြား
– ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကာ KRU မှ ရဲဘော်တစ်ဦး အပြင်းအထန်ဒဏ်ရာရ
– ဧရာဝတီတိုင်း ၂၆ မြို့နယ်အား စစ်ကောင်စီမှ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်တမ်း ၂ လ ထပ်တိုး
– စစ်ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ NLD တိုက်တွန်း
– တမူးမြို့အဝင်မှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်
– မင်းပြားမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်
– စက်တင်ဘာ ၉ ရက် တိုက်ပွဲတွေမှာ ဒီးမော့ဆို PDF ရဲဘော် ၄ ဦး ကျဆုံး
– ‘ဝ’ ၊ မိုင်းလားနှင့် SSPP ကိုယ်စားလှယ်အဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ
– အာဏာသိမ်းကာလတွင်း ကလေးသူငယ် ၂၃၄ ဦး စစ်ကောင်စီကသတ်ဖြတ်