
ဒီးမော့ဆိုမြို့နယ် ကုန်းသာတိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)-KDF တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ)ခွန်ပေး ကျဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ယနေ့ စတင်ဘာလ ၂၇ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာတိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)-KDF တပ်ဖွဲ့မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ)ခွန်ပေး ကျဆုံးသွားကြောင်း KRU က သတင်းထုတ်ပြန်ထားသည်။
ကျဆုံးရဲဘော် ခွန်စိုးပိုင်သူ (ခ)ခွန်ပေးမှာ စစ်ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီး ကျည် ထိမှန်ခဲ့ကာ ယနေ့ မနက် ၁၀ နာရီ၂၅မိနစ် အချိန်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KRU
#ဒီးမော့ဆို #ကုန်းသာတိုက်ပွဲ #KRU #ကျဆူံး
#Ayeyarwaddy_Times