
ဟိုင်းကြီးကျွန်းမြို့က ရခိုင်တိုင်းရင်းသား ၃ဦး ထပ်မံဖမ်းဆီးခံရ၊ စစ်တပ်ရဲ့ စွပ်စွဲဖမ်းဆီးမှုတွေကြောင့် ဒေသခံရခိုင်လူမျိုးတွေ ထိတ်လန့်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာမှာ စက်တင်ဘာလ၂၄ ရက်နေ့က စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဒေသခံ ရခိုင်တိုင်းရင်းသားအမျိုးသားသုံးဦးကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသား ဦးလှတင်၊ ဦးထွန်းကြည်နှင့် ဦးကုလားရှည် တို့ကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးသွားတာလို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုင်းကြီးရေတပ်နဲ့ ရဲ စုစုပေါင်းအင်အား ၃၀ လောက်ရှိတယ်။ လာဖမ်းတာ။ ခုအဖမ်းခံရတဲ့လူတွေက သူ့ဖာသူအေးအေးဆေးဆေးနေတဲ့လူတွေ။ ဒီရွာတွေဘက်မှာက ဘာအကြောင်းပြချက်မှမရှိဘဲလိုက်ဖမ်းနေတာကြာပြီဒီလထဲမှာပဲဇီးချိုင်ရွာမှာ၇ယောက် ခုငါးပြေမမှာ၃ယောက်ရှိနေပြီ”လို့ ဟိုင်းကြီးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင််းမ်ကို ပြောပါတယ်။
လက်ရှိဖမ်းဆီးခံထားရသူတွေဟာ ကျေးရွာမှာသီဟိုဠ်ခြံစိုက်၊ နွားမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားဦးထွန်းကြည်ဆိုသူဖြစ်ပြီးဦးလှတင်နဲ့ဦးကုလားရှည်တို့က အလုပ်သမားများဖြစ်တယ်လို့သိရပြီး လက်ရှိမှာဟိုင်းကြီးရဲစခန်းမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” ဟိုင်းကြီးက ရခိုင်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာ ၃ ကြိမ်မကတော့ဘူး။ ပြန်မလွတ်သေးတဲ့သူတွေလည်းရှိတယ်။ ဒေသခံရခိုင်တွေ ထိတ်လန့်နေကြတယ်။ အဖမ်းခံရတဲ့သူတွေကလည်း ဒီဒေသမှာနေနေတာကြာပြီ AA နဲ့ ဆက်သွယ်ဖို့နေနေသာသာ သူတို့ဟာ သူတို့ နေထိုင်နေကြတဲ့သူတွေပါ” လို့ ဟိုင်းကြီးကျွန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ အသက် ၂၀ အရွယ်ရခိုင်လူငယ် သုံးဦး၊ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ရခိုင်အမျိုးသမီး သုံးဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ယနေ့ထိပြန်လည်လွှတ်ပေးတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
#ဟိုင်းကြီးကျွန်း #ရခိုင် #ဖမ်းဆီး #စစ်ကောင်စီ
#Ayeyarwddy_Times