ယင်းမာပင်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ဒေါင်းလုလင်နှင့်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပျူစောထီးရွာဖြစ်သည့် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ဒေါင်းလုလင်-LPDF နှင့်မဟာမိတ်တပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒေါင်းလုလင်နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဘန့်ဘွေးရွာမတွင် အထိုင်ချနေသော အင်အား ၇၀ ဝန်းကျင်ရှိစစ်ကောင်စီတပ်စခန်းအား ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်အဖွဲ့မှ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့ပစ်တာ ၂ ယောက်နဲ့တခြားထိတာ ၁ ယောက် စုစုပေါင်း ၃ ယောက်ကဝော့ာမျက်မြင်ကျတာ၊ မြေပြင်သတင်းအတိအကျတော့မသိရသေးဘူး၊ ကျွန်တော်တို့ဘက်ကပစ် တော့ သူတို့ဘက်ကလက်နက်ကြီးနဲ့၅ချက်လောက်ပြန်ပစ်တယ်” ဟု ဒေါင်းလုလင်-LPDFမှ တာဝန်ရှိသူက ဧရာဝတိတိုင်းမ်ကို ပြောသည်။

ဒေါင်းလုလင်-LPDFအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင်လည်း ဘန့်ဘွေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်ခဲ့ပြီး စင်တင်ဘာလ ၁၉ ရက်တွင်လည်း အဆိုပါစစ်ကောင်စီခန်းအား ထောက်ပို့လာသောယာဉ်တန်းအား ယင်းမာပင်မဟာမိတ်တပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၂၅ ယောက်ကျဆုံးခဲ့ပါသည်။

#AyeyarwaddyTimes