ရုရှားက ဂျပန်သံတမန်ကို သူလျှိုလို့စွပ်စွဲပြီး နှင်ထုတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၇ ရက်

သူလျှိုလုပ်မှုကြောင့် အရှေ့ပိုင်းရှိ ဗလာဒီဗော့စတော့မြို့အခြေစိုက် ဂျပန်သံတမန်တစ်ဉီးကို ထိန်းသိမ်းခဲ့ပြီး မိခင်နိုင်ငံသို့ နှင်ထုတ်မယ်လို့ ရုရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

“အာရှ-ပစိဖိတ်ဒေသမှာ ရုရှားနိုင်ငံရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ပတ်သက်လို့ ငွေကြေးနဲ့ သတင်းအချက်အလက်တွေ ဝယ်ယူကာ သူလျှိုလုပ်မှုကြောင့် ဂျပန်သံတမန်တစ်ဉီးကို ထိန်းသိမ်းခဲ့တယ်” လို့ FSB ထောက်လှမ်းရေးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ပရီမော်စကီးဒေသမှာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှု အကျိုးသက်ရောက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဂျပန်သံတမန်က ငွေကြေးနဲ့ဝယ်ယူပြီး ရရှိခဲ့တယ်လို့ အဲဒီထောက်လှမ်းရေးဌာနက ပြောပါတယ်။

ဂျပန်သံတမန်ကို ၄၈ နာရီအတွင်း တိုင်းပြည်မှထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ ရုရှား နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

သံတမန်လမ်းကြောင်းမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ကန့်ကွက်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါသံတမန်မှာ ဗ လာဒီဗော့စတော့မြို့ရှိ ကောင်စစ်ဝန်ချုပ် မိုတိုကီတက်ဆူနိုရီဖြစ်တယ်လို့ FSB ထောက်လှမ်းရေးဌာနက ကြေညာ ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံအပါအဝင် ဂျပန်နိုင်ငံကို ရန်လို သောတိုင်းပြည်များအဖြစ် ရုရှားက သတ်မှတ်ထားသည်။

ဓာတ်ပုံ – ရုရှားနိုင်ငံခြားရေးဝန်ကြီး

ကိုးကား – CNA

Ref; Russia expels Japanese diplomat accused of espionage