သန်လျင် TTU ကျောင်းထဲက စစ်ကောင်စီတပ်စွဲထားတဲ့လိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများဟုဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းက စစ်​ကောင်စီတပ် တပ်စွဲနေသည့် လိုင်းခန်း စက်တင်ဘာလ ၂၆ ရက် ယမန်နေ့ ည ၉ နာရီဝန်းကျင်က ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

” ပေါက်ကွဲသံကြီးက အကျယ်ကြီး။ အနားမှာပေါက်ကွဲသွားသလိုပဲ။ အိမ်တောင်တုန်သွားတာ။ တော်ကြာနေတော့ အနားကတက္ကသိုလ်ဝန်းထဲ ပေါက်တာသိရတာ။ အတော်သေနိုင်တယ်ဗျ။ အဲဒီမှာ တပ်စွဲနေတာ အတော်ကြာပြီ။လိုင်းခန်းတောင်လုပ်ပြီးနေနေကြတာ”ဟု ဒေသခံ အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထိ ခိုက်သေဆုံးကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို သန်လျင်မြေ အောက်ပျောက်ကြားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ပြားကြောင်း သန်လျင်မြေ အောက်တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းအချိန်က သန်လျင် အောင်ချမ်းသာရပ်ကွက်ရှိ လမ်းမကြီးနှင့်လမ်းသွယ်များအားလုံးကို ပိတ်ဆို့ကာ လက်နက်များဖြင့် ခိုအောင်းနေ သည်ဆိုသည့် သတင်းအရ ယင်းကဲ့သို့ဝင်ရောက် ရှာဖွေမှုများပြုလုပ်ခဲ့ကြသေးကြောင်းသိရသည်။

#AyeyarwaddyTimes