
ဖလမ်းရှိ စစ်ကောင်စီတပ်စခန်းကို CNDF ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
(ဖလမ်း) စက်တင်ဘာလ ၂၇ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သူဖေရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ချင်းအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CNDF မှ စက်တင်ဘာလ ၂၅ ရက် နေ့ ညနေ ၅နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁ ဉီးသေဆုံးခဲ့ကြောင်း CNDF တပ်ဖွဲ့ထံကသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ဖလမ်းမြို့နယ် သူဖေကျေးရွာအနီးတွင် စခန်းချထားပြီး သူဖေကျေရွာအတွင် စစ်ကောင်စီတပ်တွေ ကင်းလှည့်လာစဥ် ချင်းအမျိုးသားပြည်သူ့ကာကွယ်ရေး CNDF မှ အလစ်ငိုက်ဝင် ရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ CNDF တပ်ဖွဲ့ဝင်များကပြောသည်။
“စစ်ကောင်စီဘက်က အင်အား ၂၀ ဝန်းကျင်လောက်ရှိပြီး ဒီတစ်ခါကတော့ ပူးပေါင်းတပ်ဖွဲ့နဲ့ မဟုတ်ဘဲ CNDF တပ်ဖွဲ့ကဘဲတိုက်တာပါ။ တိုက်ခိုက်ချိန်က ၂နာရီနီးပါးကြာတယ်။ လက်နက်ကြီးတော့ မသုံးပါဘူး”ဟု ချင်းအမျိုးသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CNO သတင်းပြန်ကြားရေးမှူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ပွဲသည် ၂ နာရီ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁ ဦးထိခိုက်သေဆုံးကာ ချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ် လို့
CNDF တပ်ဖွဲ့ဝင်များထံကသိရသည်။
#Ayeyarwaddy_Times