မြန်မာအလှမယ် ဟန်လေး ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရပြီ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၇ ရက်

ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကို ဝင်ခွင့်မပြုဘဲ သုဝဏ္ဏဘူမိလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာအလှမယ် ဟန်လေးကို ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

Miss Grand International ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ၂၀ ဉီးမှာ ပြိုင်ပွဲဝင်တစ်ဉီးအနေနဲ့ စင်မြင့်ထက် မှာယှဉ်ပြိုင်စဉ် အလှမယ် ဟန်လေးက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့အတွက် မြန်မာစစ်တပ်က သူ့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ဟန်လေးခေါ် သော်နန္ဒာအောင်ဟာ ဒီကနေ့ ထိုင်းနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာမှာဖြစ်ပြီး အင်ချွန်းလေဆိပ်မှတစ်ဆင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်ကို ရောက်ရှိမှာဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ ပြန်လာပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ခွင့်မရသောကြောင့် ဟန်လေးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတစ်ဆင့် ခိုလှုံခွင့် လျှောက်ထားခဲ့တယ် လို့ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဉီးက ဟန်လေးရဲ့ နိုင်ငံကူးလက်မှတ်မှာ မူမမှန်မှုတစ်ခုကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့တာကြောင့် ၁၉၇၉ ခုနှစ် လဝကအက်ဉပဒေအရ ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီက အလှမယ် ဟန်လေးရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခဲ့ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားပါတယ်။

ကိုးကား – Bangkok Post

Ref; Myanmar beauty queen who criticized junta granted asylum