ဧရာဝတီတိုင်း ၂၆ မြို့နယ်အား စစ်ကောင်စီမှ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်တမ်း ၂ လ ထပ်တိုး

အောင်မြသန်း /ဧရာဝတီတိုင်းမ်

(ဧရာဝတီ)၊ စက်တင်ဘာလ၂၇ ရက်

ဧရာဝတီတိုင်းရှိမြို့နယ် ၂၆ မြို့နယ်အား စစ်ကောင်စီမှ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား စက်တင်ဘာလ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။

ဧရာဝတီတိုင်းတွင် စစ်ရေးလှုပ်ရှားမှုနည်းပါးသော် လည်း စစ်ကောင်စီတပ်သားတွေလုံခြုံရေးတင်းကြပ်ထားပြီး မြို့ဝင်အထွက်ဂိတ်များတွင် ငွေတောင်းတာမျိုးများပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။

” ဖိမြဲဖိနေတာပါပဲ စစ်ကောင်စီအတွက်ကတော့ ကျွန်တော်တို့ဧရာဝတီတိုင်းက ငွေအိုးကြီးလိုပေါ့ မြို့တွေမှာ တာဝန်ကျနေတဲ့စစ်ကောင်စီတပ်က အရာရှိတွေက အကြောင်းအမျိုးမျိုးပြပြီး ဒေသခံတွေစီက ငွေညှစ်ယူနေကြတာလေ ခုလို ညမထွက်ရ အမိန့် ထပ်တိုးတော့ သူတို့အတွက် ပိုပြီးငွေညှစ်ဖို့အခွင့်လှမ်းတွေပိုရသွားတာပေါ့”ဟု ဖျာပုံမြို့နေ အမည်မဖော်လိုသူ

ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

ပြည်သူမျာယ စားဝတ်နေရေး အခက်ခဲဖြစ်နေချိန် ညဘက် အလုပ်ဆင်းရသည့် အလုပ်လုပ်သူများနှင့် ကုန်တင်ကုန်ချအလုပ်လုပ်ရတဲ့သူမျာယအတွက် ညမထွက်ရအမိန့်ကြောင့် အလုပ် လုပ်ကိုင်ရသည်မှာအစဥ်မပြေတော့ကြောင်း ဒေသခံများမှ ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှအာဏာသိမ်းပြီး နောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၅၀ ကျော်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းအတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့(ပုံဟောင်း)။

#ဧရာဝတီတိုင်း #ပုဒ်မ ၁၄၄ #ညမထွက်ရအမိန့် #ထပ်တိုး #AyeyarwaddyTimes