
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးကို မြန်မြန်ဆန်ဆန် ဖြေရှင်းသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
မြန်မာ့အကျပ်အတည်း အပါအဝင် နိုင်ငံတကာ အစည်းအဝေးတွေမှာ အရေးပါတဲ့ ကိစ္စရပ်တွေအတွက် မ လေးရှားနိုင်ငံက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဗ်က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။
မြန်မာ့အရေးကြောင့် မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀၀၀ ခန့်ကို လက်ခံထားရပြီး ကုလ သမဂ္ဂဟာ ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်းမရှိတော့ဘူးလို့ သူက ဆိုပါတယ်။
“နိုင်ငံအများစုက ယူကရိန်းအရေးမှာ မြန်မြန်ဆန်ဆန် အရေးယူမှု လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနဲ့ ပါ လက်စတိုင်းအရေးတွေကို ဖြေရှင်းနိုင်ရေး အလားတူ အရေးယူမှုတွေ ပြုလုပ်စေချင်ပါတယ်” လို့ ဆာဘရီယာ ကော့ဗ်က ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို မြန်မြန်ဆန်ဆန် ဖြေရှင်းသင့်ပြီး ကုလသမဂ္ဂဟာ ပြဿနာကို အာဆီယံအဖွဲ့ထံ လွှဲချခဲ့တယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့နဲ့ ဗီတိုအာဏာလုပ်ပိုင်ခွင့်ကို ဖယ်ရှားဖို့ ကမ္ဘာ့ခေါင်းဆောင် ၁၅၀ ကျော်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ တက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ ဆာဘ ရီက တောင်းဆိုလိုက်ပါတယ်။
“အခြေခံစည်းမျဉ်းအရ နိုင်ငံတစ်နိုင်ငံရဲ့မဲဆန္ဒကလည်း အရေးပါပါတယ်။ ဒါပေမယ့် တစ်ကယ့်လက် တွေ့မှာတော့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့အသံတွေက အရေးမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗီတို အာဏာရှိတဲ့ ငါးနိုင်ငံက ဆုံးဖြတ်ချက်မှန်သမျှကို ပယ်ချနိုင်လို့ဖြစ်ပါတယ်” လို့ သူက ထောက်ပြပါတယ်။
ကိုးကား – Bernama
Ref; M’sia to continue fighting for important issues on global stage