မန္တလေး သိပ္ပံလမ်းကြားက ကမ္ဘောဇဘဏ်ခွဲ နှင့် စစ်ကောင်စီဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၆၆ A လမ်း၊ ၄၄ လမ်းသိပ္ပံလမ်းကြားက ကမ္ဘောဇဘဏ်ခွဲ ၁၉ နှင့် ဘဏ်နှင့်စစ်ကောင်စီဂိတ် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ မန္တလေးမြို့ ဒေသခံတွေထံကသိရသည်။

” ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဘဏ်ရော ဘဏ်အနီးက စစ်ကောင်းစီဂိတ်ပါ တိုက်ခိုက်ခံရတာ။ အသံလည်းအကျယ်ကြီးကြားရလိုက်ရတယ်။ ဘယ်အဖွဲ့ လုပ်ဆောင်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး။ ဖြစ်စဥ်အနေနဲ့က မှန်ပါတယ် ” လို့မန္တလေးမြို့ PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ကမ္ဘောဇဘဏ်ခွဲဘေးမှ မီးစက်တစ်လုံး ပျက်စီးသွားကာ ထိခိုက်သေဆုံးမှုတစ်စုံတစ်ရာကိုတော့ မသိရှိရသေးဘူးလို့ မြို့ခံတွေကပြောသည်။

ဒါ့ပြင် ကမ္ဘောဇဘဏ်နှင့်စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက်

စစ်ကောင်စီတပ်တွေ အင်အားအများအပြားရောက်ရှိလာပြီးရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကာ လုံခြုံရေးတင်းကြပ်ထားတယ် လို့ မြို့ခံများကပြောသည်။

ကမ္ဘောဇဘဏ်သည် ဘဏ်အကောင့်များ၊ K-pay အကောင့်များ ပိတ်သိမ်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသလို ဘဏ်သုံးစွဲသူများ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံသတင်းပေးပို့မှုများကြောင့် တိုက်ခိုက်ခံရတာလို့ မြို့ခံတွေက သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အတွင်းကလည်း ကမ္ဘောဇဘဏ်ခွဲ ၅ ခုထက် မနည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံတွေပြောပြချက်အရ သိရှိရသည်။

#AyeyarwaddyTimes