
ရှိမ်းမကားစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီရေယာဥ် မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး စစ်တပ်ရေယာဥ်တစ်စီးမြုပ်သွား (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရှိမ်းမကားစခန်းမှထွက်ခွာလာသည့် စစ်ကောင်စီရေယာဥ် ၂ စီး ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီမှာ မိုင်းဆွဲခံရကာ ဧရာဝတီမြစ်အတွင်း စစ်တပ်ရေယာဥ်တစ်စီး ပြောက်ကွယ်သွားကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ ထံကသိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အေးဝင်းထွန်း တစ်ပွင့်ဗိုလ် ၊ ကျော်ဝင်းထွန်း ၊ စည်သူမောင် နှင့် ရဲတပ်သားများ
အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ တောကြီးမြွေပွေး တပ်ဖွဲ့ဝင်များထံကသိရသည်။
ဒါ့ပြင် ထိုစစ်ကောင်စီ ရေယာဥ်သည် ပြည်သူများကိုအတင်းအဓမ္မငွေကြေးတောင်းယူခြင်းကြောင့် တောကြီးမြွေပွေးတပ်ဖွဲ့ နှင့် ရွေဘိုခရိုင်အမှတ် တပ်ရင်း ၁၇ ဒေါင်းစစ်သည် တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု တောကြီးမြွေပွေး တပ်ဖွဲ့ဝင်များကပြောသည်။
ရုပ်သံ-တောကြီးမြွေပွေး
#Ayeyarwaddy_Times