
သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ ၂၇ နှစ်ပြည့် မွေးနေ့မှာ မြို့အဝင်၌ တော်လှန်ရေးစာသားများချိတ်ဆွဲကာ မုံရွာမြို့သားတွေ ဆန္ဒပြ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
ယနေ့မှကျရောက်တဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ ၂၇ နှစ်ပြည့် မွေးနေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၌ တော်လှန်ရေးစာသားများချိတ်ဆွဲကာ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကိုဆန့်ကျင်နေဆဲဖြစ်တယ်လို့ ဆန္ဒပြခဲ့ကြပါတယ်။
“သူ လဲ” ကိုယ်ထူ “ကိုယ်လဲ” သူထူနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပြီးသတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြ” ဆိုတာ အကျဥ်းကျခံနေရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ သတင်းစကားဖြစ်တယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
ဓာတ်ပုံ – မုံရွာပင်မသပိတ်စစ်ကြောင်း
#Ayeyarwaddy_Times