ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးခေါင်း ဆောင်ဆိုသူလင်မယား ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ စက်တင်ဘာလ ၂၆ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စက် တင်ဘာလ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်က ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးသည့် လင်မယား သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

ပစ်ခတ်ခံရသူများမှာ သိမ်ဇရပ်မြို့ အမှတ် ၄ ရပ်ကွက်နေ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သူ ဦီးအေးလွင်နှင့် ၄င်း၏ ဇနီးဖြစ်သူဒေါ်မြင့်သန်းတို့ဖြစ်ပြီး ၄င်းတို့၏နေအိမ်၌ပင် အမည်မသိလက်နက်ကိုင်များမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဇနီးဖြစ်သူမှာပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“သူတို့လင်မယားကပျူစောထီးလို့နာမည်ကြီးတယ်၊ ဒလန်ပေါ့၊ သူ့ယောကျာ်းကလက်နက်ကိုင်ခွင့်လဲရတယ်ပြောတယ်။ ဆန္ဒပြတာတွေ၊ ပြီးတော့pdf သတင်းတွေကိုစစ်တပ်ကိုပေးတယ်။လင်မယား၂ယောက်လုံးတူတူဘဲဆိုတော့ ၂ယောက်လုံးပစ်ခံထိသွားတာ” ဟု ဒေသခံ အမျိုး သားတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေါ်မြင့်သန်းမှာ သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားကာ ဦးအေးလွင်မှာ ဦးခေါင်းကျည်ရှပ်ထိပြီး လက်ရှိတွင်ဆေးရုံ ၌ဆေးကုသမှုခံယူနေရကြောင်း ကျိုက်ထိုဒေသခံတဦးမှပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်

အလူးကျေးရွာအုပ်ချုပ်ရေးမှူးဦးလမင်း ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရကြောင်း သိရသည်။

#AyeyarwaddyTimes