ပုသိမ်မြို့ ပြည်တွင်းအခွန်ဦးစီရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး မပေါက်ကွဲလို့ စစ်တပ်ကလာသိမ်းသွား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အမှတ်၃ရပ်ကွက်မှာ ရှိတဲ့ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကို မနေ့က
စက်တင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန် က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်သွားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေ သိရပါတယ်။
“လက်ပစ်ဗုံးက လမ်းကနေ ပစ်သွားတာ
မပေါက်ဘူးအခွန်ရုံးကဖုန်းဆက်လို့ စစ်တပ်က ဗုံးရှင်းအဖွဲ့က အဲ့လက်ပစ်ဗုံးကိုသိမ်းဆည်းသွားတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုအခွန်ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဖြစ်စဥ်မှန်ကန်ပေမယ့် တိုက်ခိုက်တဲ့ အဖွဲ့ကို ပုသိမ်ခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများဘက်က
သတင်းထုတ်ပြန်ထားခြင်းတစ်စုံတစ်ရာမရှိသေးပါဘူး။
“အဖွဲ့အစည်းကတော့ ခုချိန်ထိအတိအကျမသိသေးဘူး။ လုပ်တဲ့အဖွဲ့ကလည်းထုတ်ပြန်ခြင်းမရှိသေးဘူး။ လက်ရှိကတော့ အဲ့ဖြစ်စဥ်ဖြစ်ပြီး ညဥ့်နက်ပိုင်းမှာ ထန်းကုန်းလေးရပ်ကွက်ဘက်မှာ ၀င်ရောက် စစ်ဆေးမှုတွေရှိတယ်လို့အတည်ပြုလို့ရတယ်။ ဖမ်းဆီးမှုရှိမရှိတော့အတည်ပြုလို့မရဘူး ၀င်စစ်တာပဲသိရတယ်”လို့ ပုသိမ်ခရိုင်မြို့ပြပြောက်ကျားအဖွဲ့၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့၊ အခွန်ရုံးကိုလက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရဲကားနှစ်စီး ၊စစ်ကားတစ်စီး ရောက်ရှိလာပြီး ရုံးဝန်းအတွင်းမှာ မပေါက်သေးသည်ဗုံးအား စစ်ဆေးကာသိမ်းယူသွားပြီး ၊လမ်းများတွင် ရှိတဲ့ CCTV မှတ်တမ်းများလိုက်ယူနေ​တာကိုတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ပုသိမ် #အခွန်ရုံး #လက်ပစ်ဗုံး #ပစ်ခတ် #မပေါက်ကွဲ #စစ်တပ်
#Ayeyarwddy_Timed