တော်လှန်ရေးစနိုက်ပါသမားများ လက်ချက်ကြောင့် ခမရ ၁၀၄ တပ်မှ တပ်သား ၃ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

ကရင်ပြည်နယ်၊ ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာအနီးဝန်းကျင်တွင် ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၄ ကို KNLA တပ်ရင်း ၂၇၊ ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ ၂ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၀၄ တပ်အား KNLA ပူးပေါင်းတပ်ဖွဲ့များမှ လက်ဖြောင့်စနိုက်ဘာ စစ်သည်များမှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးသည်ဟု မြေပြင်သတင်းများမှ သိရကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်းမှ ခြေမှုန်းရေး အမျိုးသမီး စစ်သည်တစ်ဦး

#Ayeyarwaddy_Times