
စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၂ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီ တပ်များကို ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့်
စစ်ကောက်စီ ထောက်ပို့ ကားတစ်စီးပျက်ဆီးပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDSOM သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီယာဥ် ၁၂ ဘီးကား ၆ စီးကို ယမန်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန်တွင် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားအရောက် CDSOM ၏ တူမီးဖိုက်တာအဖွဲ့မှ ဦးဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ချောင်းဦးနယ် ငရုန်ဘက်မှ ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သား ၇၀ ကိုလည်း ဂွေးပင်တောအကြားတွင် M2W ထုတ် ပဒေသာမိုင်းများဖြင့်ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ ထောက်ပို့ကားတစ်စီး ပျက်ဆီးပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေ ၅ ဦးဒဏ်ရာရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်သည်။
အဆိုပါ ပဒေသာမိုင်းစစ်ဆင်ရေးကို Myaung Women Warriors (M2W)တပ်ဖွဲ့နှင့်အတူ CDSOM၏တူမီးဖိုက်တာတပ်ဖွဲ့ ၊CDSOM ၏ မြောက်ပိုင်း 012 နှင့် 007တပ်ဖွဲ့ ၊Black Eagle Defense Force-မြင်းမူလင်းယုန်နက်တပ်ဖွဲ့ ၊ CRF မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ People Defense Force -MMU တပ်ဖွဲ့ ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#Ayeyarwaddy_Times